22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, May 29, 2012

လာမည့်ရာသီ လီဗာပူးလ် အနေဖြင့် အမြင့်ဆုံး ဆဋ္ဌမ နေရာသာ မျှော်မှန်း နိုင်မည်ဟု ကစားသမားဟောင်း ဝေဖန်

လီဗာပူးလ် အနေဖြင့် လာမည့် ရာသီ အမြင့်ဆုံး မျှော်မှန်း နိုင်မှုသည် အမှတ်ပေး ဇယား ဆဋ္ဌမ နေရာ မျှလောက်သာ ဖြစ်နိုင်ကြောင်း အသင်း၏ နာမည်ကျော် ကစားသမားဟောင်းကြီး မာ့ခ်လော်ရန်ဆင်က ပြောကြားလိုက်သည်။

လီဗာပူးလ် အတွက် ခံစစ်မှူး တစ်ဦး အနေဖြင့် ပါဝင် ကစားပေးခဲ့ဖူးသော လော်ရန်ဆင်က လီဗာပူးလ်သည် အင်္ဂလန် ပြိုင်ဘက်များထက် အစစ အရာရာ မနိမ့်ပါးလိုပါက မန်နေဂျာသစ် တစ်ဦးကို အလျင်အမြန် ခန့်အပ်ရန်လည်း သတိပေးလိုက်သည်။ အသက်(၅၄)နှစ်ရှိ လော်ရန်ဆင်က မန်နေဂျာ မဲ့နေသော အသင်း တစ်သင်းသည် ဈေးကွက်ထဲမှ ကစားသမားကောင်းများကို ခေါ်ယူရေး ကြိုးပမ်းမှုတွင် တောက်လျှောက် နောက်ကျ ကျန်နေမည်ကို စိုးရိမ်လျှက် ရှိနေသည်။ ၎င်းက လီဗာပူးလ်သည် လာမည့်ရာသီတွင် ယူရိုပါလိဂ် ကစားရမည် ဖြစ်ရာ ယခုရာသီထက် ပိုမိုခက်ခဲစွာ ရုန်းကန် ရနိုင်ကြောင်း ထောက်ပြခဲ့သည်။
လီဗာပူးလ် ကစားသမားဟောင်း မာ့ခ်လော်ရန်ဆင်

Daily Mirrorနှင့် အင်တာဗျူးတွင် လော်ရန်ဆင်က "ကလပ် အသင်းဟာ လမ်းဆုံလမ်းခွ တစ်ခုကို ရောက်နေသလို ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ လီဗာပူးလ် အနေနဲ့ ထိပ်ဆုံး(၄)သင်း စာရင်း ၀င်ဖို့ မျှော်လင့်ချက်ကို အငြင်း ပွားရမယ့် အခြေအနေ တစ်ခုအဖြစ် မြင်နေမိပါပြီ။ အင်္ဂလန်မှာ အသင်းကြီး (၅)သင်း ရှိပါတယ်။ မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးတို့ဟာ တကယ့်ကို တောင့်တောင့်တင်းတင်း ဖွဲ့စည်း ထားတာပါ။ သူတို့(၅)သင်းကို လိုက်မီဖို့ ဆိုတာ လီဗာပူးလ် အတွက် ခက်ခဲလွန်းပါတယ်" ဟု ပြောဆိုသွားသည်။

၎င်းက လီဗာပူးလ်သည် ရှေ့မဆက်နိုင်ဘဲ နောက်သို့ တစ်စထက်တစ်စ ဆုတ်ယုတ် ကျဆင်းနေကြောင်းလည်း ဝေဖန်ခဲ့သေးသည်။ "လီဗာပူးလ်က နောက်ပြန် သွားနေတယ်။ ရှေ့မဆက်နိုင်ဘူး။ ကျွန်တော် လာမယ့်ရာသီကို စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ သူတို့ အမြင့်ဆုံး မျှော်လင့်နိုင်တာဟာ ဆဋ္ဌမ နေရာပါပဲ။ ယူရိုပါ လိဂ်အတွက် ကြာသပတေးနေ့ ပွဲကစားပြီး စနေမှာ နောက်တစ်ပွဲ ထပ်ကစား ရမယ် ဆိုတာဟာ အသင်းတိုင်းအတွက် ခက်ခဲ လွန်းပါတယ်။ နောက်တစ်ချက်က လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ကစားခွင့် မရဘူးဆိုရင် အကောင်းဆုံး ကစားသမားတွေကို မဆွဲဆောင်နိုင်ဘူးလေ။ နောက်ပြီး အသင်းက လက်ရှိကွင်းကို အသစ်ပြင်ဖို့၊ ဒါမှမဟုတ် အသစ်ဆောက်ဖို့ စဉ်းစားနေပြန်တယ်။ အဲဒီကိစ္စ နှစ်ခုလုံးက ပိုက်ဆံ အများကြီး ကုန်ဦးမှာပါ"ဟုလည်း လော်ရန်ဆင်က ထောက်ပြခဲ့သည်။

ကျွန်တော် လာမယ့်ရာသီကို စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ သူတို့ အမြင့်ဆုံး မျှော်လင့်နိုင်တာဟာ ဆဋ္ဌမ နေရာပါပဲ...
၎င်းက လီဗာပူးလ်တွင် မန်နေဂျာ တစ်ဦး လက်ဆုပ်လက်ကိုင် မရှိသေးခြင်းသည် ပြဿနာ တစ်ရပ် ဟုလည်း ထောက်ပြခဲ့သည်။ "လောလောဆယ် အသင်းမှာ မန်နေဂျာ မရှိဘူး။ ဒါမိန်းကိုမိုလီကိုလည်း ထုတ်လိုက်ပြီ။ သူဟာ အသင်းရဲ့ အပြောင်းအရွှေ့ရေးရာ ကိစ္စတွေကို ကိုင်တွယ်နေသူပါ။ အဲဒီနေရာမှာ လူမဖြည့်နိုင်သေးဘူး။ လီဗာပူးလ်ဟာ ဈေးကွက်ထဲမှာ ၀င်ပြိုင်ဖို့ နောက်မှာ ကျန်နေခဲ့ပြီ" ဟု လော်ရန်ဆင်က ဆိုသည်။ ၎င်းက ကင်နီဒဲလ်ဂလစ်ရှ်ကို ထုတ်ပစ်ခဲ့သော လီဗာပူးလ် အသင်းပိုင်ရှင်များကိုလည်း ဝေဖန်သွားခဲ့သည်။

"အမေရိကန်တွေရဲ့ လုပ်ထုံးလုပ်နည်းမျိုးနဲ့ သူတို့တွေ မန်နေဂျာသစ် ရှာနေတယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံက မှားနေပါတယ်။ သူတို့လုပ်တာ အားလုံးက ပွင့်ပွင့်လင်းလင်းကြီး ဖြစ်နေတယ်။ ပြီးတော့ မန်နေဂျာ ရှာတာလည်း ဖြစ်ကတတ်ဆန်း နိုင်လွန်းတယ်။ ဒဲလ်ဂလစ်ရှ်ကို မထုတ်ပယ်ခင် သီတင်းပတ် တော်တော်များများ ကတည်းက ဒီအကြောင်း ဒွိဟဖြစ်နေရင် အစားထိုးမယ့်သူကို ကြိုရှာရမှာပေါ့။ လူတွေက ဒါကို မှန်ကန်တဲ့ နည်းလမ်းလို့ ထင်ချင်မှထင်မယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါတွေက ဖြစ်နေကျပဲ" ဟု လော်ရန်ဆင်က ဝေဖန်သွားသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )