22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 17, 2012

F-35 ဂျက်လေယာဉ်များ ဂျပန်မှ ဝယ်ယူမည်

 
ဂျပန်နိုင်ငံဟာ F-35 ဂျက်တိုက်လေယာဉ်တွေ ဈေးနှုန်းမြင့်တက် သွားပေမယ့်လည်း မူလအစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စုထံမှ လေယာဉ် ၄စင်း ၀ယ်ယူမယ်လို့ သိရပါတယ်။

အဆိုပါ F-35 ဂျက်တိုက်လေယာဉ်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံ ၈နိုင်ငံတို့ ပူးပေါင်း ထုတ်လုပ် တာဖြစ်ပါတယ်။ ဂျပန် အစိုးရအနေနဲ့ အဆိုပါ လေယာဉ်တွေကို လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ အမာခံလေယာဉ်တွေအဖြစ် အသုံးချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဂျပန်နိုင်ငံဟာ အခုနှစ်ဘဏ္ဍာရေး နှစ်အတွင်း ဂျက်တိုက်လေယာဉ်တစ်စင်းကို အမေရိကန်ဒေါ်လာ ၁၃၈သန်းခန့်နဲ့ ၀ယ်ယူဖို့စီစဉ်ထားပြီး လာမယ့် ၂၀၁၆ခုနှစ်မတိုင်မီမှာ လေယာဉ်တွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်။


ဂျပန်အစိုးရဟာ F-35 ဂျက်တိုက်လေယာဉ် တစ်စင်းကို ကနဦးက အမေရိကန်ဒေါ်လာ ၁၂၃သန်းနဲ့ဝယ်ယူဖို့ စီစဉ်ထားခဲ့ေ ပမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေး အသုံးစရိတ် လျော့ချမှု အစီအစဉ်အရ ဂျက်လေယာဉ် ၀ယ်ယူမှုတွေကို အကန့်အသတ်နဲ့ ရွှေ့ဆိုင်းလိုက်တာကြောင့် ဂျက်လေယာဉ်တွေရဲ့ ဈေးနှုန်းတွေအခုလို မြင့်တက်လာရတာ ဖြစ်ပါတယ်။


ဂျပန်နိုင်ငံရဲ့ ၂၀၁၂ဘဏ္ဍာရေး နှစ်အတွင်း ပျံသန်းမှု လေ့ကျင့်ရေးစရိတ် အပါအ၀င် ဂျက်တိုက် လေယာဉ်ဝယ်ယူမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၇၅၀လျာထားပြီး ဖြစ်ကြောင်း သိရပါတယ်။

Ref: NHK

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )