22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 27, 2012

အမေရိက Idol-2012 ကို Phillip Phillips ဆိုသူ ဆွတ်ခူးရရှိ



ပရိတ်သတ်ကြီးရေ ဒီတစ်ခေါက် American Idol အကြောင်းကတော့ ဖတ်ကိုဖတ်သင့်နေပါပြီ။ ဘယ်တုန်းက မှမရှိခဲ့ဘူး တဲ့အစီအစဉ် တွေကိုဒီ Article မှတင်ဆက်ထားပါတယ်။

ဒီညမှာ American Idol 2012 ကိုဆွတ်ခူးသွားတာ ကတော့ အသက် ၂၁ ရှိတဲ့ Phillip Phillips ဖြစ်ပါတယ်။ သူဟာ မဲပေါင်း ၁၃၂ သန်းနဲ့အသက် ၁၆ ရှိတဲ့ Jessica Sanchez ကို ကျော်တက် သွားတာပါ။

သူ့ကို ပထမဆုံး သတိထားမိတာ Stevie Wonder ရဲ့ "Superstition" နဲ့ Michael Jackson ရဲ့ "Thriller" acousitc version ဆိုတဲ့ အချိန်ကတည်းကပါ။ အဲ့လိုနဲ့ သူ Top 24 ကိုရောက်တော့ Usher ရဲ့ "Nice and Slow" သီဆိုပြီး Tope 13 ထဲ ပါခဲ့ပါတယ်။ Top 13 မှာတော့ Phil Collins ရဲ့ "In the Air Tonight" ကို သီဆိုခဲ့ပါတယ်။

သူယှဉ်ပြိုင်ခဲ့တဲ့ season ၃ခုစလုံးမှာ ၁ ကနေ ၁၀ အောက်ကို မကျခဲ့ပါဘူး။ ပြီးခဲ့တဲ့ အပတ်မှာပဲ Usher ရဲ့ "U got it bad" နဲ့ Damien Rice ရဲ့ "Volcano" ကို သီဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် သူရဲ့ ဂစ်တာမပါဘဲ Bob Seger ရဲ့ "We've got tonight" ကို သူများနဲ့ မတူတဲ့ အသံအား ကောင်းကောင်းနဲ့ သီဆိုခဲ့ပါတယ်။

2

အင်္ဂါနေ့ည Final မှာတော့ Phillip ဟာ Ben E. King ရဲ့ "Stand by Me" ဆိုတဲ့ သီချင်းနဲ့ ပရိတ်သတ်ကို ကိုင်လှုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာ Judge တွေကြိုက်တဲ့ သူရဲ့ကိုယ်ပိုင်သီချင်း "Home" ကိုလည်း သီဆိုခဲ့တယ်လို့ သိရပါတယ်။
3 Ace Young နဲ့ Diana DeGarmo

ဒါ့အပြင် နောက်ထပ် ထူးထူးခြားခြား တက်လာတဲ့ သတင်းကတော့ American Idol ရဲ့ ပထမဆုံး စုံတွဲဖြစ်မယ့် Ace Young နဲ့ Diana DeGarmo တို့ ဒီအပတ် ဗုဒ္ဓဟူးနေ့ နောက်ဆုံး Final မှာ လက်ထပ်ခွင့်တောင်းပြီး စေ့စပ်လိုက်ကြပါပြီတဲ့။ သူတို့ဟာ "Idol" ရဲ့ ပထမဆုံး စုံတွဲဖြစ်သလို လက်ထပ်မယ့် သူတွေလည်း ဖြစ်ပါတယ်တဲ့။

American Idol ကတော့ ထူးခြားပြီးရင်းကို ထူးခြားနေတော့တာပါပဲ။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )