22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 5, 2012

မိမိဒေသကို ကာကွယ်ဖို့ KIA ကို ပြန်တိုက်ခိုက်ရဟု BGF ပြော

NDAK-BGF (PHOTO - KNG)
ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များအား ပစ်ခတ် တိုက်ခိုက်ခြင်းမှာ မိမိဒေသကို ကာကွယ်ခြင်းသာဖြစ်ကြောင်း နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ ဗိုလ်ကြီးတဦး က ပြောသည်။

ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ ပန်ဝါအခြေစိုက်ထားသည့် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝဝ၂ တပ်ဖွဲ့များနှင့် အစိုးရ တပ်ရင်းတရင်းတို့ ပူးပေါင်းကာ KIA တပ်ဖွဲ့တို့နှင့် လုပိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အကျအဆုံး များပြားခဲ့သည့်အပေါ် ထိုအရာရှိက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အမှန်က ကျနော်တို့က အမျိုးသားတွေ အချင်းချင်းပါ။ ညီအစ်ကိုတွေပါ။ ကျနော်တို့ ပန်ဝါဒေသက နယ်ခြားစောင့်တပ်
ဖြစ်တယ်။ နိုင်ငံတော်က ထောက်ပံ့နေတယ်။ နိုင်ငံတော်နဲ့အတူ လက်တွဲပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသ လုံခြုံအေးချမ်းဖို့ ကျနော်တို့က ဒီနေ့ဒေသကို အေးချမ်းအောင် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။

“ကျနော်တို့လည်း ကိုယ့်အိမ် ကိုယ်နေရာဒေသနဲ့ နေတာ။ ကိုယ့်နေရာမှာ တပါးသူလာပြီး အိမ်ထောင်ဦးစီး လာလုပ် မယ်ဆိုတော့ ဒီက လက်မခံကြဘူး။ ကျနော်တို့က ကိုယ့်နေရာကိုယ် ကာကွယ်တဲ့ပုံစံမျိုးနဲ့ ကာကွယ်တာပါ။ ကျနော် တို့ ရှေ့ကထွက်ပြီးမှ ထိုးစစ်ဆင်တာ မဟုတ်ပါဘူး”ဟု သူက ဆက်ပြောသည်။

ကချင် ဒီမိုကရေစီသစ်တပ်မတော် NDAK မှ နယ်ခြားစောင့်တပ် တဖြစ်လဲ တပ်ရင်း ၁ဝဝ၂ မှ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်ရင်းတရင်းမှ ၁ဝဝ ကျော်တို့က အားဖြည့်ခဲ့သဖြင့် KIO ဘက်မှ အကျအဆုံးများပြီး ၎င်းတို့တပ်မှ နှစ်ဦးဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

မေလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် အမှတ် ၁ဝဝ၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့ သည့် ဧပြီ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ KIA ဘက်မှ လက်နက် ၁၄ လက်နှင့် တပ်ဖွဲ့အလောင်း ၂၉ လောင်းနှင့် တပ်ဖွဲ့တဦး ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။

အစိုးရဘက်မှ တပ်သား နှစ်ဦး ကျဆုံး၍ အရာရှိ သုံးဦး အပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း ဖော်ပြထား သည်။

ပန်ဝါဒေသကို KIO ဘက်မှ သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် တရုတ်နယ်စပ်ဘက်
ဒေသခံ တချို့ ထွက်ပြေးတိန်းရှောင်ခဲ့ရာ တရုတ်အစိုးရဘက်က လက်မခံသဖြင့် မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိ
နေကြပြီ ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဗိုလ်ကြီးက ပြောသည်။

တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၈ ရှိ စစ်ပြေးဒုက္ခသည်စခန်းအတွင်း ယခုရက်ပိုင်းအတွင်း စစ်ပြေးဒုက္ခသည်များ ထပ်မံဝင်ရောက်လာကြကြောင်း စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ဆဒုံးဘက် မှတ်တိုင် ၈ စခန်းဘက်မှာ နည်းနည်းထပ်ဝင်လာတယ်။ ဘယ်လောက်ဆိုတာ တိတိကျကျ မသိသေးဘူး။ တချို့က ဝိုင်းမော်ဘက် ဆင်းသွားတယ်လို့ ပြောတယ်။ တချို့က ဝိုင်းမော်ဘက်ကို မသွားဘဲ ဒီဆဒုံးဘက်ကို လာတယ် လို့ပဲ သိထားတယ်”ဟု မဇ္စျိမကို ပြောသည်။

အစိုးရနှင့် KIO တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျှင် ၁၁ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။ နှစ်ဖက် ငြိမ်းချမ်းရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးသော်လည်း တိုက်ပွဲများ မရပ်စဲဘဲ ပိုမိုပြင်းလာခဲ့သည်။

ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် ယခင်က KIO တပ်ဖွဲ့၏ တပ်မဟာ ၃ လက်အောက်ခံ ဌာနချုပ်
ဖြစ်ခဲ့ရာမှ နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ အဖြစ် လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်သို့ ပြောင်းလဲခဲ့သည်။
ဖနိဒါ -  ချင်းမိုင်(မဇ္စျိမ) ။        ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )