22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 5, 2012

SSA မြောက်ပိုင်း နယ်မြေထဲ အစိုးရစစ်ကြောင်း အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှား

အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်းတပ်မတော် အခြေစိုက်နယ်မြေထဲကို အစိုးရစစ်ကြောင်းတွေ အလုံးအရင်းနဲ့ ၀င်ရောက်လှုပ်ရှားလာတဲ့အတွက် ထိပ်တိုက်ရင်ဆိုင် တွေ့လာရင် ပြန်လည်ခုခံသွားမယ်လို့ SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
(Photo: AFP)
ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၁ လက်အောက်ခံတပ်တွေနဲ့ သိန္ဒီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ် စကခ ၁၆ လက်အောက်ခံ အစိုးရတပ်တွေဟာ ဧပြီလကုန်ပိုင်းကစလို့ SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့တပ်မဟာ ၁၅၃ အခြေစိုက်ရာ နယ်မြေထဲကို တိုးချဲ့ဝင်ရောက် လှုပ်ရှားလာနေတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
" စစ်ကြောင်းတွေ စထိုးတာက ကျောက်မဲ၊ လားရှိုး၊ မူဆယ် ကားလမ်း မြောက်ခြမ်းပေါ့။ စစ်ကြောင်းကတော့ အဲဒီ သိန္ဒီ ကားလမ်းမြောက်ဘက်ခြမ်း ၀င်သွားပြီလေ။ စကခ ၁ လက်အောက်ခံက ၄ ရင်းပေါ့။ ကျောက်မဲလက်အောက်ခံ ပြီးတော့ အဲဒီ စကခ ၁၆ က သိန္ဒီတပ်တွေရောပေါ့။ အဲဒီဘက်က ကျွန်တော်တို့ တပ်တင်မကဘူးလေ။ အဲဒီ ကေအိုင်အေရော နောက် ပလောင်တပ်တွေလည်း ရှိတယ်လေ။ အဲဒီဘက်က သူတို့ပိုက်လိုင်း သွယ်ဖြတ်မယ်။ နောက် ကေအိုင်အေနဲ့ ဆက်စပ်နယ်မြေဆိုတော့ အဲဒီဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရှင်းလင်းချင်တဲ့ သဘောမျိုးပေါ့"
အစိုးရတပ်တွေ ထပ်မံဝင်ရောက်လာတဲ့ နေရာတွေဟာ အရင်က ပိုက်လိုင်းဖြတ်မယ့် အစီအစဉ်ကြောင့် SSA မြောက်ပိုင်းတပ်တွေကို ရုပ်သိမ်းပေးခဲ့တဲ့ နယ်မြေတွေဖြစ်ကြောင်း၊ ဒါပေမယ့် ၂၀၁၀ နှစ်လယ်ပိုင်းမှာ ဌာနေပြည်သူ့စစ်အသွင်ပြောင်းဖို့ SSA မြောက်ပိုင်းက လက်မခံခဲ့လို့ အစိုးရတပ်တွေနဲ့ နှစ်ဘက်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးနောက် အဲဒီနယ်မြေတွေမှာ မြောက်ပိုင်းတပ်တွေ ပြန်ဝင်ရောက် တပ်စွဲထားတာဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ဗဟိုဌာနချုပ် ၀မ်ဟိုင်းဌာနချုပ် နယ်မြေအတွင်းမှာလည်း ငြိမ်းချမ်းရေး သဘောတူညီချက်အရ အစိုးရတပ်တွေ ဆုတ်ခွာပေးမယ်လို့ ပြောထားပေမယ့် ယနေ့အချိန်အထိ တပ်တွေ ဆုတ်ခွာမပေးသေးဘဲ အစိုးရတပ်အင်အားတွေ ထပ်မံဖြည့်ဆည်းထားတဲ့အပြင် တပ်စခန်းတွေလည်း အခိုင်အမာ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။
အစိုးရဘက်က တပ်အင်အားဖြည့်ဆည်းမှုနဲ့ လှုပ်ရှားစစ်ကြောင်းတွေ SSA မြောက်ပိုင်းနယ်မြေအတွင်း ထပ်မံ ၀င်ရောက်လာတာတွေကို အသိပေး အကြောင်းမကြားတဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာရင် ခုခံသွားမယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
"အကြောင်းကြားတာ မရှိပါဘူးခင်ဗျ။ သူတို့ လေသံကတော့ အဲဒီ လူထုတွေဆီ ပြောထားတာတော့ အဲဒီဘက်တွေမှာ ငြိမ်းချမ်းရေးတပ်ဆိုတာ မရှိဘူးလို့တော့ ပြောတာပဲ။ သူတို့ သဘောက အသိအမှတ်မပြုတဲ့ သဘောမျိုးပေါ့။ တိုက်ပွဲတော့ မဖြစ်သေးဘူးခင်ဗျ။ သူတို့လာရင်လည်း ကျွန်တော်တို့က ရှောင်လို့ မရရင်လည်း ကျွန်တော်တို့တော့ ကာကွယ်ရမယ်လေ"
SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့ဟာ ဇန်န၀ါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့မှာ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၅ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
RFA-Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )