22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

ချင်းလွှတ်တော်ကိုယ်စားလှယ်တဦး US ရောက် ချင်းပြည်သူများနှင့် ချင်းအရေး သွားရောက်ဆွေးနွေးမယ်

ချင်းအမျိုးသားပါတီမှ ထန်တလန်မြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူး လာလ်းမောင်းကျုံးသည် မကြာခင် အမေရိကသို့သွားရောက်ပြီး ချင်းပြည်သူများနှင့် သွားရောက် ဆွေးနွေးမည်ဟု သတင်းရရှိသည်။

“အဓိက က ပြည်နယ်အတွက် ဘာတွေလုပ်ရမယ် ချင်းပြည်သူအတွက် ဘာတွေလုပ်သင့်သလဲ ဆိုတာတွေ ချင်းပြည် သူတွေ၊ ချင်းလူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ်” ဟု ပြောသည်။

ပူးလာလ်မောင်းကျုံးသည် ပြီးခဲ့သည့် နှစ်က အမေရိက သို့သွားရောက်ပြီး ချင်းပြည်သူလူထုတချို့နှင့် သွားရောက် တွေ့ ဆုံပြီးဖြစ်သည်။

“ ကျတော်အခု ဗီဇာလျှောက်နေတာပါ၊ တကယ်လို့ အမေရိကရောက်ယင် ကိုယ့်ပါတီအတွက် ရှေ့ဆက်သွားရမယ့် ကိစ္စတွေလည်း အိုင်ဒီယာတွေ တောင်းခံမှာဖြစ်တယ် ” ဟု ဆက်ဆိုသည်။

ပူးလာလ်းမောင်းကျုံးသည် ချင်းအမျိုးသားပါတီတွင် ပါတီစီးပွားရေးအတွက် တာဝန်ယူပေးခြင်းခံရသူဖြစ်သည်။

အမေရိကကနေ အပြန်တွင် ရန်ကုန်မြို့ရှိ ချင်းပြည်သူများနှင့် အလုပ်ရုံဆွေးနွေးပွဲတခု ကို ပြုလုပ်သွားမည်ဖြစ်သည်ဟု ပြောသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )