22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 11, 2012

နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်

နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေးဌာန၊ သမ္မတကြီး ဦးသိန်းစိန်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိအောင် အင်တာနက်စာမျက်နှာ ၀က်ဘ်ဆိုက်ကို ဒီကနေ့ တရားဝင် စမ်းသပ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ သမ္မတရဲ့ အင်တာနက်စာမျက်နှာမှာ ဒီကနေ့ ကျင်းပတဲ့ သမ္မတ နဲ့ ၀န်ကြီးများအစည်းအဝေး ဓါတ်ပုံကို ဖေါ်ပြထားတာတွေ့ရှိရပြီး သမ္မတရဲ့ ပြောကြားချက်တွေကိုလည်း ဖေါ်ပြထားတာ တွေ့ရပါတယ်။


အစည်းအဝေးဓါတ်ပုံကို ဖေါ်ပြထားရာမှာ သမ္မတရဲ့ ဘေးဘက်မှာ ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်းကို တွေ့ရပေမယ့် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတွေ့ရှိရဘူးလို့ The Voice ဂျာနယ် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။


သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျမ္မာရေး အခြေအနေကြောင့် အနားယူဖို့အတွက် သမ္မတထံ နှုတ်ထွက်စာ တင်ထားတယ်လို့လည်း သိရပါတယ်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )