22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 11, 2012

အစိုးရ တပ်စခန်း တခုကို ကချင် လွတ်မြောက်ရေးအဖွဲ့ KIO/KIA တပ်တွေက သိမ်းပိုက်လိုက်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ်အတွင်းက အစိုးရ တပ်စခန်း တခုကို ကချင် လွတ်မြောက်ရေးအဖွဲ့ KIO/KIA တပ်တွေက သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

ဆွမ်ပရာဘွမ် မြို့နယ်အတွင်းက KIA တပ်မဟာ (၁) လက်အောက်ခံတပ်နဲ့

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၃၈) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး အစိုးရတပ်က အခြေစိုက်ထားတဲ့ စခန်းတခု ဆုတ်ပေးလိုက်ရတဲ့ အကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါတယ်။

KIO ပြောရေးဆိုခွင့် ရှိသူရဲ့ အဆိုအရ အစိုးရတပ်ဘက်က ကျဆုံးတဲ့ အထဲမှာ အရာရှိအဆင့် တဦးပါပြီး KIO ဘက်က ထိခိုက်မှု အနည်းငယ် ရှိပေမယ့် အကျအဆုံးတော့ မရှိဘူးလို့ ဆိုပါတယ်။

အကျအဆုံး စာရင်းတွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ခလရ (၁၃၈) တပ်က ဆွမ်းပရာဘွမ်မြို့မှာ ရှိတဲ့ KIO ဆက်ဆံရေးရုံးကို မေလ ၅ ရက်နေ့က ဖျက်ဆီးသွားတယ်လို့လည်း ဦးလနန်က ပြောပါတယ်။

KIO ရဲ့ ဗဟိုဒေသ ဖြစ်တဲ့ တပ်မဟာ (၅) နေရာ၊ ဌာနချုပ်ဟောင်း ဒေသ၊ ပန်ဝါဒေသနဲ့ တခြား နေရာအတော်များများမှာ နှစ်ဘက်တပ်တွေ
နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း KIO ဘက်က
ပြောပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )