| ဓါတ်ပုံ - သန်းထွန်း( tgkn) |
ယနေ့ ၈.၆.၂၀၁၂ နေ့နံနက် ၁၀းခန့်တွင်သင်္ဃန်းကျွန်းစံပြဈေးအနီးရှိ ငမိုးရိပ်ရပ်ကွက် ရှိ မျိုးမြန်မာဘီယာဆိုင် ရှေ့တင် ယာဉ်တိုင်မှု တစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ တောင်ဒဂုံဘက်မှ လာသည့် ၆၂ ယာဉ်လိုင်း မှ ကားသည် ရုတ်တရက် ဘရိုတ်ပေါက်ကာ ရှေ့တွင်မောင်းနှင်နေသည့် ၇၃ ယာဉ်လိုင်း (ဒိုင်နာကား) ကားအား နောက်မှနေဝင်တိုင်ခဲ့သည်။
ယင်းသို့ပြင်ထန်သည့်အရှိန်ဖြင့် တိုက်မိခဲ့သဖြင့် ၆၃ ယာဉ်လိုင်း (ဒိုင်နာ) ပေါ်တွင်လိုင်ပါသည့်ယာဉ်
နောက်လိုက် (စပါယ်ယာ)မှာ ၄င်းကား၏ နောက်မှ ဘေးတန်းတွင်ရှိနေသည့်အတွက် နောက်မှဝင်တိုက်ခဲ့သည့် ၆၂ ကား၏ အရှိန်ပြင်းစွာဖြင့် တိုက်ခဲ့ခြင်းကြောင့် ကြားမှညပ်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်၊ ၆၃ (ဒိုင်နာ) ကားပေါ်မှ ခရီးသည်တစ်ဦးသည်လဲ ထိုကဲ့သို့ ကားနှစ်စီးကြားညပ်မိသောကြောင့် ခြေတောက်နှစ်
ချောင်းစလုံး ကျိုးသွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုအား မီးသတ်ဌာနနှင့် ယာဉ်းထိန်းရဲများမှ ချက်ခြင်းပင် သေသူနှင့် ဒဏ်ရာရသူ
များအား ဆေးရုံသို့ ပို့ဆောင်ပေးပြီး လမ်းပေါ်တွင် ကျန်ရှိနေသည့် ကားမှန်ကွဲစများ သွေးစသွေးန များအား
မီးသတ်ပိုက်နှင့် ထိုးဆေးပေးခဲ့သည်
အမှတ်၆၂ ယာဉ်လိုင်းမှ ကားသည်ပြည်ထောင်စုဂုံးကျော်တံတားမှ ဆင်းလာပြီး ဘရိတ်ပေါက်သိရှိ
ကာကားပေါ်ပါလာသည့် စပါယ်ယာမှ ဘရိတ်ပေါက်နေပါတယ် ရှောင်ပေးကြပါဟု အကြိမ်ကြိမ်အော်ခဲ့သည်
အခင်းဖြစ်ပွားရာနေရာသည် ညနေပိုင်းတွင် လမ်းဘေးဈေးသည်များဖြင့် စည်ကားသည့်နေရာဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်သည့်အချိန်သည် သိပ်ပြီးမစည်ကားသေးခြင်းကြောင့် လမ်းဘေးမှ လူများဈေးသည်များအား
ထိခိုက်မှုမရှိခဲ့ဘဲ ၆၃ ယာဉ်(ဒိုင်နာ) ပေါ်ပါခရီးသည်တစ်ဦးခြေတောက်ကျိုးသည့်ဒဏ်ရာနှင့် စပါယ်ယာမှာသေး
ဆုံးခဲ့သည့် အနေအထားသာရှိခဲ့သည်။
အခင်းဖြစ်ပွားခဲ့ပြီးသည်နှင့် ၆၂ ယာဉ်လိုင်းမှကားဒရိုင်ဘာ( ယာဉ်မောင်း) နှင့် ယာဉ်နောက်လိုက်
(စပါယ်ယာ)တို့ မှာတိမ်းရှောင်သွားခဲ့သည် ထိုသို့တိမ်းရှောင်ခြင်းအပေါ် အခြားစပါယ်ယာတစ်ဦးမှ “ ထွက်ပြေး
သွားတာမဟုတ်ဘူး တိမ်းရှောင်သွားတာ ဒီလိုမှ မဟုတ်ရင် မြန်မာလူမျိုးတို့ရဲ့ ထုံးစံသိတယ်မှတ်လား ဆွမ်းကြီး
ဝိုင်းလောင်းကြလိမ့်မယ်”ဟု ပြောကြားပါသည်။
By သန်းထွန်း( tgkn)
5:58 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com