22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

မူဆယ်မြို့မှာ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်

တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့မှာ စနေနေ့ည သန်းခေါင်အချိန်က ဗုံး ၅ လုံးထက်မနည်း ဆက်တိုက် ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ ဗုံးများ ပေါက်ကွဲတဲ့ ပုံစံအရ ချိန်ကိုက်ဗုံးများ ဖြစ်နိုင်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်၊ ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်တံခါးကို တရုတ်မြို့ ကျယ်ဂေါင်ဖက်မှနေ၍ မြင်ရပုံ ဖြစ်ပါသည်။

ဗုံးကွဲချိန်ဟာ ညသန်းခေါင်အချိန် ဖြစ်တာမို့ အိပ်မောကျနေသူများပြီး တချို့က ပေါက်ကွဲသံ ၆ ချက်ကြားရတယ်လို့ ပြောပါတယ်။ မူဆယ်မြို့ခံတဦးက အခုလိုပြောပါတယ်။
"မနေ့ည ၁၂ နာရီ ၀န်းကျင် ဆက်တိုက်ပေါက်တာလေ။ ရဲကင်းရှေ့ရယ်၊ ကွင်းနောက်ကျောရယ်၊ မူဆယ် ငွေလှိုင်းလက်ဖက်ရည်ဆိုင်ရှေ့နား စတဲ့နေရာတွေမှာ ၆ လုံးလောက် ပေါက်တယ်။"
ဒီဗုံးကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူတာဝန်ရှိတယ် ဆိုတာတော့ မသိရသေးဘူးလို့ မူဆယ်မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း လားရှိုး-မူဆယ် ကားလမ်းကို KIA တပ်တွေက ယာဉ်သွားလာခွင့်ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။
မူဆယ်မြို့မှာ ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသမှာ အစိုးရတပ်တွေက ၀င်ရောက်သိမ်းပိုက်စဉ် မူဆယ်မြို့ရဲကင်းစခန်းတခုအနီး ညသန်းခေါင်အချိန်မှာ အခုလို ဗုံးဆက်တိုက်ကွဲတာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )