22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

မောင်းတောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ

ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ အခုဆိုရင် ဒုက္ခသည် ဦးရေ (၅၀၀၀) ခန့်ရှိနေပြီး လတ်တလောအနေနဲ့ အစားအသောက်၊ ရိက္ခာတွေ လိုအပ်နေသလို ပြေးလွှားရင်း ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မောင်းတောမြို့မှာ ဒုက္ခသည်စခန်းအနေနဲ့ (၄) ခု ဖွင့်လှစ်ထားပြီး ဒီစခန်းတွေမှာ လာရောက် ခိုလှုံနေရသူတွေကို ဗဟိုကျောင်း၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းနဲ့ အမှတ် (၂) ရဲတပ်ရင်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။ အလိုတော်ပြည့် ကျောင်းမှာတော့ ကျေးရွာ(၃) ရွာက လူဦးရေ (၄၇၂) ဦးရှိပြီး၊ တချို့ရွာတွေက လူတွေ ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ ဆရာတော် ဦးမဏိသာရက အခုလို မိန့်ပါတယ်။
“ဒီမှာ ဒဏ်ရာရတဲ့သူတွေပါမယ်၊ နောက်တခါ ဝမ်းသွားတဲ့သူ၊ ဖျားနာတဲ့သူတချို့ အဲဒါတွေလည်း ပါတာပေါ။့ ထွက်ပြေးတဲ့နေ့က မိုးတွေမိကြတယ်ဆိုတော့ လူနာကတော့ ဒီမြို့ပေါ်မှာတင် ဦးဇင်းကျောင်းမှာ လူနာ(၁၀၀) ကျော်လောက်နဲ့ ပရဟိတကျောင်းမှာ (၃၂) ယောက် ဆိုပြီးတော့ အဲဒီလိုသိရတယ်။ ဟိုရဲတပ်ရင်းဘက်ကတော့ ဦးဇင်းတို့နဲ့ အလှမ်းဝေးသည့် အတွက်ကြောင့် မသိရပါဘူး။ ဗဟိုကျာင်းမှာကတော့ လူနာတယောက်မှ မရှိပါဘူး၊ ဦးဇင်းကျောင်းမှာ ပြည်ခွန်ပေါင်ရွာရယ်၊ တိုင်းသိရွာရယ်၊ နောက်တခါ ဥဒေါင်းငယ် ဆိုပြီးတော့ ရွာ(၃) ရွာရှိပါတယ်"
ဒီအလိုတော်ပြည့် ကျောင်းမှာတင် ပြည်ခွန်ပေါင်ရွာက အမျိုးသား (၁၇၀) ဦး၊ အမျိုးသမီး (၁၉၄) ဦး ရှိတယ်လို့လည်း သိရပါတယ်။ ဒီရွာတရွာထဲမှာတင် သေဆုံးသူ အမျိုးသား (၃) ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့  ဆရာတော်က မိန့်ကြားပါတယ်။
ဒုက္ခသည်စခန်းမှာ အဓိက လိုအပ်တာကတော့ ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးများ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။ လက်ရှိအနေနဲ့ မောင်းတောမှာ ဆူဆူပူပူအသံတွေ ဆက်မကြားရပေမဲ့ တင်းမာမှုတွေတော့ ရှိနေတယ်လို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )