22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, June 3, 2012

လမ်းမတော်( ၇ )လမ်း လူသတ်မှု တရားခံဖမ်းဆီးရမိ

ဆယ်ကျော်သက်အရွယ် ကျောင်းသူ အသက်ခံရမှုတွင် ပြစ်မှု ကျူးလွန်သူအား (၄၄) နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြားသည်။
 ပြစ်မှု ကျူးလွန်သူမှာ သာကေတမြို့ နယ် ၁ရပ်ကွက် ထူပါရုံ (၉) လမ်းတွင် နေထိုင်သူ မျိုးလွင် အသက် (၄၂) ဖြစ်ပြီး မှုခင်းဖြစ်ပွားပြီး (၄၄) နာရီအကြာ ဇွန်လ (၁) ရက်နေ့တွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၇ လမ်း လူသတ်မီးရှို့မှု ရွှေပုစွန်အိတ် မှတဆင့် ခြေရာခံနိုင် ဟုဆို

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့တော်၊ လမ်းမတော် မြို့နယ် ၇ လမ်းတွင် ဖြစ်ပွားခဲ့သော ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို သတ်ဖြတ်၍ မီးရှို့ကာ နေအိမ်ရှိ သိန်းရာချီ ရွှေထည်ပစ္စည်းများ ရယူခဲ့သူဟု ယူဆရသူကို ဖမ်းဆီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောကြားသည်။

လမ်းမတော် မြို့နယ်ရှိ ရွှေပုဇွန် မုန့်တိုက်မှ CCTV ကင်မရာနှင့် မျက်မြင် သက်သေများအရ လူသတ်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရွှေပုစွန် မုန့်တိုက် တံဆိပ်ပါသော အိတ် ကိုင်ဆောင်ထားကြောင်း၊ ယင်းလူ၏ ပုံစံကို ခဲပန်းချီဆွဲ၍ သက်ဆိုင်ရာ ရဲစခန်းများကို အသိပေး ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှုးရုံးမှ ရဲအုပ်တစ်ဦး ပြောသည်။

“ရဲမှူးက မသင်္ကာသူ တစ်ဦးကို မိထားတယ်၊ အမှုက ပေါ်နိုင်တယ်လို့ ပြောတာ” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးမှ အရာရှိ တစ်ဦးက ပြောကြားသည်။

၁၆ နှစ်အရွယ် ကျောင်းသူ သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်နိုင်ရန် ဒုတိယရဲမှူးကြီး တစ်ဦး အပါအဝင် အနောက်ပိုင်းခရိုင် အထူးမှုခင်း နှိမ်နင်းရေး တပ်ဖွဲဝင်များ မြို့နယ်မှူး၊ စခန်းမှူးများ ပါဝင်သည့် အထူး အမှုစစ်အဖွဲ့ကို ဖွဲ့၍ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

အဆိုပါ နေအိမ်ရှိ သက်သေခံပစ္စည်းများရှာဖွေရာတွင် မီးလောင်ထားသော လုံချည်နှင့် အင်္ကျီ အပိုင်းအစ၊ ဘောင်းဘီ အပိုင်းအစ၊ သွေးပါသော ဆံပင်၊ စက္ကူစ၊ အတွင်းခံ ဘောင်းဘီ၊ မှို့စ၊ ပလက်တီနံ ဆွဲကြိုးပြတ်စ၊ ဖယောင်းတိုင်၊ ဓားတစ်ချောင်း၊ ဝက်အူလှည့် ၁ ချောင်း သိမ်းဆည်မိခဲ့ကြောင်း ရဲတပ်ဖွဲမှူးရုံးထံ ဇွန်လ ၁ ရက်နေ့တွင် ဆက်သွယ်မေးမြန်းမှုအရ သိရသည်။

The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )