မန်စီးတီး အသင်းမန်နေဂျာ ရောဘတ်တို မန်စီနီသည် ပေါင်စတာလင် (၁၅)သန်း ၀န်းကျင်မျှ ပေါက်ဈေးရှိသော ဥရုရွေး လက်ရွေးစင် အလယ်တန်း ကစားသမားအား ဂျူဗင်းတပ်စ်၊ ၀ုလ်ဖ်ဘာ့ဂ် အသင်းများနှင့်အပြိုင် စိတ်ဝင်စားလျှက် ရှိနေသည်။ အစောပိုင်းက တော့တင်ဟမ် ဟော့စပါး အသင်းသည်လည်း ရာဖေးလ် ဗန်ဒါဗတ်ကို ရောင်းချပြီးချိန်တွင် ရာမီရက်ဇ်ကို အစားထိုး ခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သေးသည်။ ယခုအခါ မန်စီနီက အရွယ်ငယ်ငယ်ဖြင့် ခြေစွမ်းပြ ကစားနေသည့် ရာမီရက်ဇ်အား အလို ရှိလာခြင်း ဖြစ်သည်။
မန်စီနီသည် ပေါင်စတာလင် (၁၅)သန်း ၀န်းကျင်မျှ ပေါက်ဈေးရှိသော ဥရုရွေး လက်ရွေးစင် အလယ်တန်း ကစားသမားအား ဂျူဗင်းတပ်စ်၊ ၀ုလ်ဖ်ဘာ့ဂ် အသင်းများနှင့်အပြိုင် စိတ်ဝင်စားလျှက် ရှိနေ...
အသက်(၂၁)နှစ်သာ ရှိသေးသော ရာမီရက်ဇ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘိုလော့ဂ်နာအတွက် အထူးခြေစွမ်းပြ ကစားပေးခဲ့သည်။ လီဗာပူးလ် အသင်းသည်လည်း ရာမီရက်ဇ်ကို ချိတ်ဆက်နေသည့်တိုင် မန်စီးတီးက အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။ ရာမီရက်ဇ်၏ အေးဂျင့် ပက်ဘလို ဘီတန်ကောင့်က "ဒီနွေရာသီမှာ ရာမီရက်ဇ် အီတလီကနေ ထွက်ဖြစ်မယ် ထင်တယ်" ဟု အပြောင်းအရွှေ့နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောဆို သွားခဲ့သည်။
Ref: The Sun
6:20 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com