မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဗလန်စီယာ ခံစစ်မှူး ဂျော်ဒီအယ်လ်ဘာနှင့် ပတ်သက်၍ ဆက်သွယ် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အသက်အရွယ် အရ ခြေစွမ်း အတန်ငယ် အကျဘက် ယိမ်းလာသည့် ဘယ်နောက်ခံလူ ပက်ထရစ် အီဗရာ နေရာတွင် ကာလရှည် အစားထိုးရန် မျှော်လင့်ချက်ဖြင့် စပိန် လက်ရွေးစင် အယ်လ်ဘာအား ချိန်ရွယ်နေခြင်း ဖြစ်သည်။ မန်ယူ အသင်းသည် ယခု နွေရာသီတွင် ကမ္ဘာ့အဆင့် ဘယ်ခြမ်း ခံစစ်မှူး တစ်ဦးအား အိုးလ်ထရက်ဖို့ဒ် အရောက် ခေါ်ယူဖွယ် ရှိနေပြီး အဲဗာတန် အသင်းမှ လေတန်ဘိန်းစ်ကိုလည်း ပစ်မှတ် ထားနေသည်။
ဗလန်စီယာ ခံစစ်မှူး ဂျော်ဒီအယ်လ်ဘာ
မန်ယူသည် အယ်လ်ဘာကို အလို ရှိနေသော်လည်း စပိန်ထိပ်သီး ဘာစီလိုနာ အသင်းနှင့် တိုက်ရိုက် အားပြိုင်ရမည့် အခြေအနေမျိုး ဖြစ်နေသည်။ ဘိုင်ယန်သည် အယ်လ်ဘာကို အလိုရှိနေပြီး ကလပ်အသင်း နှစ်ခုကြား သဘော တူညီမှု ရရှိထားပြီ ဆိုခြင်းကိုမူ ဗလန်စီယာက ငြင်းဆန်ထားသည်။ သို့သော်လည်း ဗလန်စီယာ အသင်း၏ အားကစား ဒါရိုက်တာ ဘရော်လီယို ဗက်ဇ်ကွက်ဇ်က ဘာစီလိုနာထံမှ ကမ်းလှမ်းမှု တစ်ခု ပြုလုပ် လာနိုင်ကြောင်းနှင့် ယင်းအတွက် မိမိ အနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရနိုင်ကြောင်း ၀န်ခံထားသည်။
မန်ယူသည် အယ်လ်ဘာကို အလို ရှိနေသော်လည်း စပိန်ထိပ်သီး ဘာစီလိုနာ အသင်းနှင့် တိုက်ရိုက် အားပြိုင်ရမည့် အခြေအနေမျိုး ဖြစ်နေ...
"တကယ်လို့ ဘာစီလိုနာက ကမ်းလှမ်းလာမယ် ဆိုရင် အကောင်းတကာ့ အကောင်းဆုံး ကစားသမား တစ်ယောက်အတွက် ကျွန်တော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဘာစီလိုနာ အနေနဲ့ အယ်လ်ဘာကို တကယ်ပဲ နှစ်နှစ်ကာကာ လိုချင်နေတယ်လို့ ထင်မိတယ်" ဟု ဗက်ဇ်ကွက်ဇ်က ပြောဆိုသွားသည်။
Ref: Daily Mail
6:24 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com