ကွင်းလယ် ကစားသမား အများအပြား ဒဏ်ရာ ရမှုကြောင့် အကျပ် ဆိုက်နေသော အင်္ဂလန် အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် အတွက် စကော့ပါကား ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီ ဆိုသော သတင်းသည် စိတ်ကျေနပ်စရာ ဖြစ်လာရသည်။
ဖရန့်ခ်လမ်းပတ်နှင့် ဂါရတ်သ် ဘယ်ရီတို့ နှစ်ဦးအား ဒဏ်ရာများကြောင့် ဆုံးရှုံးထားရသည့် အင်္ဂလန် အသင်း မန်နေဂျာသည် တော့တင်ဟမ် ဟော့စပါးအသင်း ကွင်းလယ်လူ ပါကား အနေဖြင့် ဥရောပ ဖလားတွင် ကြံ့ခိုင်မှု ပြည့်ဝစွာ ပါဝင်နိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။ အသက်(၃၁)နှစ်ရှိ ပါကားသည် ဘောလုံးရာသီ နှောင်းပိုင်းတွင် စပါးအသင်း ကစားသော ပွဲစဉ် (၄)ခုဆက် လွဲချော် ခဲ့သည့်နောက် အင်္ဂလန် အသင်းတွင် ၎င်း၏ ပါဝင်နိုင်မည့် အလားအလာ အတွက် ကြီးကြီးမားမား သံသယများနှင့် ကြုံခဲ့ရသည်။
ပါကားသည် ခြေဖနောင့် ဒဏ်ရာ တစ်ခု၏ ဖိစီးမှုကို ခံနေရသော်လည်း ယခုအခါ ၎င်း၏ ကြံ့ခိုင်မှု အခြေအနေ တိုးတက် အဆင်ပြေလာကြောင်း သိရသည်။ ဟော့ဂ်ဆန်က "အလုံးစုံ ကောင်းမလာသေးပါဘူး။ ဒါပေမဲ့ ပါကားဟာ ပြိုင်ပွဲမှာ အပြည့်အ၀ ကြံ့ခိုင်နေမယ်လို့တော့ ကျွန်တော် ယုံကြည်နေပါတယ်။ ကျွန်တော်တို့အသင်းဟာ (၂)ပတ် အချိန် ရနေသေးတယ်။ အဲဒီ အတောအတွင်းမှာ ပါကားဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်ပူးပေါင်း လာနိုင်မယ် ထင်ပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေက တစ်နေ့ပြီး တစ်နေ့ တိုးတက် ကောင်းမွန် လာနေပါတယ်" ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်ဟာ ဘောလုံးမှာ မင်းဆက် တစ်ခုလို ကြီးစိုးဖူးတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ ဒီအသင်းဟာ (၅)ကြိမ်တိုင်တိုင် ဥရောပ ချန်ပီယံ ဖြစ်ဖူးပြီး အေစီမီလန်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို အဆင့်မျိုးမှာ ရှိနေပါတယ်...
ဟော့ဂ်ဆန်က ကွင်းလယ် အကျပ်အတည်းများ ကြုံနေချိန်တွင် မန်ချက်စတာ ယူနိုက်တက်မှ မိုက်ကယ်ကာရစ်ကို ခေါ်ယူရန် ကြိုးပမ်းခြင်း ရှိမရှိ မေးမြန်းမှုများနှင့် ပတ်သက်ပြီး "ကာရစ်ဟာ ကျွန်တော် အမြဲတမ်း လေးစားရတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ အင်္ဂလန် အသင်းကြားမှာ ဆက်သွယ် ဆွေးနွေးမှုတွေ ရှိနေပေမယ့် ကျွန်တော် အသင်းကို မကိုင်တွယ် ခင်တုန်းကပါ။ လက်ရှိ အနေအထားမှာ ကာရစ်ကိုယ်တိုင် အသင်းအတွက် ကစား ပေးချင်တယ်လို့ မပြောသေးတာကြောင့် သူ့ရဲ့ဆန္ဒကို ကျွန်တော်တို့ တိတိကျကျ မသိနိုင်ပါဘူး။ အနာဂတ်မှာတော့ သူက အင်္ဂလန် အတွက် ကစားပေးမပေး ဆိုတာကို ဘယ်သူက သိနိုင်မှာတဲ့လဲ" ဟု ဖြေဆို သွားခဲ့သည်။
Ref: Daily Mail
6:25 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com