22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

မြန်မာ နိုင်ငံတွင် တေးဂီ တဖြင့် ကုသ ခြင်းကို ဆောင်ရွက် နေပြီ

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် တေးဂီတဖြင့် ကုသခြင်းသို့မဟုတ်ဂီတကုထုံး (Music Theraphy) ကို အစ္စရေးသံရုံးနှင့် ဥရောပသမဂ္ဂတို့က ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးပြီး ဧဒင်စင်တာနှင့် Triangle Generaion Humanitairc (TGH)မှ တာဝန်ရှိသူများ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
 အဆိုပါ ဂီတကုထုံးအား အစ္စရေးနိုင်ငံမှ ဂီတကုထုံးပညာရှင် Ms. Tsvia Horesh က ဂီတကုထုံးနှင့် ပတ်သက်သည်များအား လမ်းညွှန်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ဂီတကုထုံးသည် ဆေးရုံများ၊ အထူးပြုကျောင်းများ (ဥပမာ- မသန်စွမ်း အသင်တန်းကျောင်း)၊ ဘိုးဘွားရိပ်သာ သက်ကြီးဂေဟာများ၊ ကင်ဆာရောဂါကုသဌာနများနှင့် ပြစ်မှုကြောင့် အကျဉ်းကျခံနေရသူများကိုပင် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာသန်စွမ်း ဖွံ့ဖြိုးတိုးတက်စေရန် များစွာ အထောက်အကူပြုစေကြောင်း သိရသည်။ 

အဆိုပါကုထုံးကို လက်ခံ၍ ပါဝင်လုပ်ဆောင်သော မသန်စွမ်းကလေးသူငယ်နှင့် လူငယ်လူရွယ်များသည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်း ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် နာကျင်ကြေကွဲစွာ ခံစားခဲ့ရသော စိတ်ဒဏ်ရာများကို ကုသရာတွင်လည်း ထိရောက်မှုရှိကြောင်း သိရသည်။

 “ဂီတကုထုံးနှင့် ပတ်သက်၍ ၂၈-၅-၂၀၁၂ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲများ နှင့် ၂၈-၅-၂၀၁၂ ရက်မှ ၈-၆-၂၀၁၂ ရက်ထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထို့ပြင် အောက်တိုဘာလတွင် Ms. Tsvia Horesh ထပ်မံလာရောက်၍ မွမ်းမံသင်ကြားမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ 

ဂီတကုထုံးကို ထိုင်းနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပြီး သြစတြေးလျနိုင်သည် ဂီတကုထုံး အဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )