22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 19, 2012

နော်ဝေနိုင်ငံ ဆောင်ရွက်ချက် ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

RFA
နော်ဝေနိုင်ငံ ဘာဂန်မြို့ရှိ ရဖ်တိုဖောင်ဒေးရှင်းတွင်
 နော်ဝေနိုင်ငံရောက် မြန်မာမိသားစုများနှင့်
 ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၇ ရက်နေ့တွင်
 တွေ့ဆုံနေကြစဉ်။
နော်ဝေနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဒုက္ခသည် တိုင်းရင်းသားပေါင်းစုံကို လက်ခံစောင့်ရှောက်ထား တဲ့ နော်ဝေနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေဟာ လေးစား အတုယူစရာကောင်းတဲ့ စံနမူနာအဖြစ် မနေ့က ချီးကျူးပြောကြားလိုက်ပါတယ်။

အော်စလိုမြို့တော်မှာ မနေ့က နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး Rafto Foundation လူ့အခွင့်အရေးအဖွဲ့ရုံးစိုက်ရာ ဘာဂန်မြို့ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တာပါ။

ဒီနောက် အဲဒီမြို့ကိုရောက်နေတဲ့ မြန်မာတိုင်းရင်းသား မိသားစုတွေရဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ပြီးတော့လည်း မိန့်ခွန်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေတဲ့ ဘာဂန်မြို့ဟာ သူ့ကို နိုင်ငံတကာကချီးမြှင့်တဲ့ဆုတွေထဲက ပထမဦးဆုံးအနေနဲ့ ၁၉၉၀ပြည့်နှစ်က လက်ခံရရှိတဲ့ လူ့အခွင့်အရေးဆုကို အဲဒီမြို့မှာအခြေစိုက်တဲ့ Rafto Foundation ကဂုဏ်ပြုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘာဂန်မြို့သူ မြို့သားတွေရဲ့ကြိုဆိုပုံကိုကြည့်ပြီး ဂုဏ်ယူမိတယ်လို့ ဘာဂန်မြို့က မြန်မာ့အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မကေသီအေးက ပြောပါတယ်။

ဘာဂန်မြို့ရဲ့ဂုဏ်ပြုပွဲအခမ်းအနားအပြီး ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ကို ပြန်လည်ထွက်ခွာသွားပြီး ဒီကနေ့မှာ နော်ဝေလွှတ်တော်ကို သွားရောက်မှာဖြစ်ပါတယ်။

RFA-Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )