22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 25, 2012

စစ်တွေမြို့ဘက်က နောက်ဆုံး အခြေအနေ

စစ်တွေမြို့က ဒုက္ခသည်များ
စစ်တွေမြို့က ဒုက္ခသည်များမြန်မာ နိုင်ငံက ရခိုင်ပြည်နယ် ရဲ့ မြို့တော် စစ်တွေမြို့ နဲ့ အနီးတဝိုက်မှာ ဗုဒ္ဓဘာသာ ဝင်တွေနဲ့ မွတ်စလင် တွေအကြား တိုက်ခိုက်မှု တွေဆက်ဖြစ် နေတယ်လို့ အဲဒီဘက်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

အဲဒီက လူမှု ကူညီရေး လုပ်သားတယောက် က စစ်တွေမြို့မှာ ဈေးတွေနဲ့ ဆိုင်တွေ ပိတ်ထားပြီး အခြေအနေဟာ တင်းမာ နေဆဲ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရ အရာရှိ တဉီးကတော့ နောက်ထပ် ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှု တွေရဲ့ အန္တာရာယ်ကြောင့် မွတ်စလင် ၆၀၀ လောက်ကို စစ်တွေ မြို့ထဲကနေ ပြောင်းရွေ့ နေရာချထား ပေးထားတဲ့ အကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တွေကြောင့် လူပေါင်း ၆၀ ကျော်လောက် သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ ရပါတယ်။

ဘီဘီစီ မြန်မာပိုင်း
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )