22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

အဆင့် အမြင့်ဆုံး ပြိုင်ပွဲများတွင် ကစားရသည့် အတွက် ဖိအား လုံးဝမရှိဟု ရော်နယ်လ်ဒို ပြောကြား

ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဥရောပ ဖလား ပြိုင်ပွဲတွင် မိမိ ပါဝင် ယှဉ်ပြိုင်နေခြင်းနှင့် ပတ်သက်ပြီး မည်သည့် ဖိအားမျှ ခံစား မနေရကြောင်း ပြောဆိုခဲ့သည်။
ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူးသည် အသင်းကို အကြိုဗိုလ်လုပွဲ အဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားသလို လက်ရှိ ခြေစွမ်းအရလည်း အကောင်းဆုံး အနေအထားတွင် ရှိနေသည်။ ၎င်းသည် အကြိုဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်းဖော် စပိန်အသင်းသားများနှင့် ရင်ဆိုင် ကစားရမည် ဖြစ်သည်။ ၎င်းက နိုင်ငံအတွက် ကြိုးစား ကစားပေးနေရသော ပြိုင်ပွဲသည်လည်း ကလပ်အသင်းအဆင့် ထိပ်တန်းပြိုင်ပွဲများနှင့် ခြားနားသော ပိုလျှံဖိအားမျိုး မရှိဟု ပြောဆိုခဲ့သည်။

"ဥရောပ ဖလားမှာ ကစားလို့ သာမန်ထက်ပိုတဲ့ ဖိအားတော့ မရှိပါဘူး။ စပိန်နဲ့ ကစားရမှာကို ကျွန်တော် ဘာမှ ပူပန်မနေတော့ဘူး။ ကျွန်တော်က အမြင့်ဆုံး အဆင့် ပြိုင်ပွဲတွေမှာ (၁၀)နှစ်လောက် ကစားခဲ့ပြီးပါပြီ။ နိုင်ငံအတွက်ရော၊ ကလပ်အတွက်ရောပေါ့။ ကျွန်တော့် ခံစားချက်က တာဝန်ယူမှု အပိုင်းအတွက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဖိအားကတော့ မရှိပါဘူး။ ဒီလိုပွဲမျိုးတွေနဲ့ ကျွန်တော် အသားကျနေပါပြီ"ဟု ရော်နယ်လ်ဒိုက ပြောဆိုသွားသည်။ အသက်(၂၇)နှစ်ရှိ ရော်နယ်လ်ဒိုက အသင်း၏ လက်ရှိ တက်လှမ်းမှုကို ကျေနပ်ကြောင်းလည်း ဆိုသည်။

ကျွန်တော်က အမြင့်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ (၁၀)နှစ်လောက် ကစားခဲ့ပြီးပါပြီ။ နိုင်ငံအတွက်ရော၊ ကလပ်အတွက်ရောပေါ့။ ကျွန်တော့် ခံစားချက်က တာဝန်ယူမှု အပိုင်းအတွက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဖိအားကတော့ မရှိပါဘူး...
"(၈)နှစ်လောက် ကြာပြီးမှ ဗိုလ်လုပွဲ အတွက် အခွင့်အရေးတစ်ခု ရလာတာ သိပ်ကျေနပ်ဖို့ ကောင်းပါတယ်။ ပွဲတိုင်းက ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တစ်လှမ်းချင်း ရှေ့တိုးနေဖို့ လိုပါတယ်။ စပိန်ဟာ အသင်းကောင်း တစ်ခုပါ။ ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့ တိုက်ပွဲ တစ်ခုမှာ ကျွန်တော်တို့ အနိုင်ရဖို့ မျှော်လင့်ပါတယ်" ဟုလည်း ရော်နယ်လ်ဒိုက ပြောကြားသွားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )