22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

အာရှ ယူ-၂၂ ခြေစစ်ပွဲ တစ်ရက်အလို ~ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့

ယနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဟိုတယ်ရန်ကုန်၌ အာရှ ယူ-၂၂ ခြေစစ်ပွဲ အုပ်စုအဆင့် ပွဲစဉ်များ မတိုင်မီ မန်နေဂျာ အစည်းအဝေးနှင့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား ပြုလုပ် ကျင်းပခဲ့ပြီး သက်ဆိုင်ရာ အသင်း ၆သင်းမှ နည်းပြများက သတင်း မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။

ပတ်ဆောင်ဟွာ (မြန်မာအသင်း နည်းပြချုပ်)



ခြေစစ်ပွဲ အောင်ဖို့ကတော့ အဓိက ရည်မှန်းချက်ပါ။ အသင်း အနေနဲ့တော့ အကောင်းဆုံး ကြိုးပမ်း သွားပါမယ်။ ကျွန်တော်တို့ အသင်းထက် ပိုကောင်းတဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား အသင်းတွေနဲ့ ရင်ဆိုင်ရမှာမို့ ကြိုးစားမှပဲ ရလဒ် ကောင်းမှာပါ။ ဖိလစ်ပိုင်က အားနည်းတဲ့ အသင်းလို့ ဆိုနိုင်ပေမယ့် အဖွင့်ပွဲမှာ ရလဒ်ကောင်းဖို့ သေချာ ပြင်ဆင် ထားပါတယ်။ အနိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်။ ကိုရီးယား အသင်းဟာ တောင့်တင်းလွန်းတဲ့ အသင်းဖြစ်ပြီး အဆင့်လည်း မြင့်ပါတယ်။ သူတို့ အသင်းမှာ လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင်မယ့် ကစားသမား အများကြီးတော့ ပါမလာပါဘူး။ မြန်မာအသင်းတွေ အနေနဲ့တော့ စည်းကမ်းပိုင်းမှာ ပြဿနာ ရှိတတ်တယ် ဆိုတာ အမှန်ပါပဲ။ ဒါကို ချက်ချင်းကြီးတော့ ပြင်ယူလို့ မရနိုင်ပါဘူး။ ချက်ချင်း ပြောင်းလဲဖို့က ခက်ခဲနိုင်ပါတယ်။ သူတို့ တတွေကို ပညာပေး အစီအစဉ် လေးတွေ လုပ်ပြီး ဖြေးဖြေးချင်း လုပ်ယူရမှာပါ။ ဒီခြေစစ်ပွဲမှာ ခြေစစ်ပွဲ အောင်ဖို့ ရာနှုန်းနဲ့ ပြောဖို့ကတော့ ခက်ခဲပါတယ်။

ကင်တေးယောင် (တောင်ကိုရီးယား နည်းပြချုပ်)



ပြိုင်ဘက် ၅သင်းစလုံးက လွယ်ကူမှာ မဟုတ်ပါဘူး။ ပွဲစဉ်တိုင်းကို အကောင်းဆုံး ကြိုးစားပြီး ရလဒ်ကောင်းဖို့ ကြိုးစားပါမယ်။ အရှေ့တောင် အာရှရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှားတို့ ပါဝင်နေတာကြောင့် မလွယ်ကူ နိုင်ပါဘူး။ အိမ်ရှင် မြန်မာအသင်း ဟာလည်း ပရိသတ် အများအပြား လာရောက် အားပေးမှာ ဖြစ်တဲ့အတွက် တောင့်တင်းတဲ့ အသင်းပါပဲ။ ကျွန်တော်တို့ အသင်း အနေနဲ့ အစောကြီး ကြိုလာပြီး ဒီမှာ နေသားတကျ ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လောလောဆယ် မှာတော့ ပွဲစဉ်တိုင်းမှာ ရလဒ်ကောင်း ရဖို့အတွက် အာရုံစူးစိုက် ထားပါတယ်။ ကွင်းထဲမှာ ပရိသတ် အရမ်းများတဲ့အခါ ကိုယ့်အသင်းကို အားပေးတဲ့ ပရိသတ်လို့ပဲ မှတ်ယူဖို့ ကစားသမား တွေကို မှာထားမှာပါ။ ကျွန်တော့် အသင်းမှာ လန်ဒန် အိုလံပစ် ပြိုင်ပွဲဝင်မယ့် ကစားသမား ၂ယောက် ၃ယောက်လောက်ပဲ ပါတယ်လို့ ဆိုနိုင်ပါတယ်။ အခုချိန်ထိ အိုလံပစ် ပြိုင်ပွဲအတွက် လူစာရင်း မဖြတ်သေးပါဘူး။

အွန်ကင်မ်စီး (မလေးရှား နည်းပြချုပ်)



မြန်မာအသင်းနဲ့ မလေးရှား အသင်းတို့အား သိပ်ပြီး မကွာခြားပါဘူး။ ဗီယက်နမ်လည်း အတူတူပါပဲ။ မလေးရှား အသင်းမှာ ဆီးဂိမ်းစ် ရွှေတံဆိပ်ဆုရ ကစားသမား ၇ယောက် ပြန်ပါ လာပါတယ်။ ဒီအုပ်စုမှာ တောင်ကိုရီးယားက ရေပန်း အစားဆုံး အသင်းပါ။ ဒုတိယ နေရာကိုတော့ အိမ်ရှင် မြန်မာနဲ့ မလေးရှား၊ ဗီယက်နမ်တို့ လုပ်ရမှာပါ။ ကွင်းထဲမှာ ပရိသတ် များတာကတော့ ကစားသမားတွေ အတွက် အကောင်းဆုံးပါပဲ။ လူငယ်လေးတွေ အတွက် စိတ်ဓာတ် တက်ကြွ စေပါတယ်။

လုဒင်တောင် (ဗီယက်နမ် နည်းပြချုပ်)



ခြေစစ်ပွဲ အောင်မြင်မယ့် တစ်နေရာအတွက် ကြိုးပမ်းမှာပါ။ ကိုရီးယား အသင်းကတော့ အခွင့်အလန်း အများဆုံးပါပဲ။ တခြား ၅သင်းစလုံး ကလည်း ခြေစစ်ပွဲ အောင်ဖို့ ကြိုးစားမှာပါ။ မြန်မာ၊ မလေးရှားနဲ့ ဗီယက်နမ်တို့ ကတော့ ကိုရီးယားနောက် ဒုတိယ နေရာအတွက် လုရမယ်လို့ ထင်ပါတယ်။ ရန်ကုန်မှာ မိုးများနိုင်ပြီး ကစားရ ခက်နိုင်ပေမယ့် တခြား အသင်းတွေ အားလုံးလည်း ဒီလိုပဲ အတူတူ ကစားမှာပါပဲ။ ကောင်းတာ၊ ဆိုးတာက အတူတူပါပဲ။ ကျွန်တော့် အသင်းသားတွေရဲ့ ပျမ်းမျှ အသက်က (၂၀)လောက် ရှိပါတယ်။

(တရုတ်တိုင်ပေ လက်ထောက်နည်းပြ)

ကျွန်တော်တို့ အသင်းက အရမ်း ငယ်လွန်းပါတယ်။ ဒီပွဲကို အတွေ့အကြုံ အတွက် အဓိက ယှဉ်ပြိုင်တာပါ။ ခြေစစ်ပွဲကို အောင်ချင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ပြိုင်ပွဲကျမှ ခြေစစ်ပွဲ အောင်ဖို့ အဓိက ရည်မှန်း ကြိုးပမ်းမှာပါ။ အသင်းရဲ့ ပျမ်းမျှ အသက်က ၁၉၊ ၂၀လောက်ပဲ ရှိပါတယ်။ ဒါကြောင့် အတွေ့အကြုံ ရှာပြီး ရည်ရှည်အတွက် ပြင်ဆင် သွားမှာပါ။ ကိုရီးယား အသင်းက အတောင့်တင်းဆုံး အသင်းလို့ ဆိုရမှာပါ။ မြန်မာ အသင်းကလည်း အရမ်းကောင်းတဲ့ အသင်းပါပဲ

ဂျွန်ကာမိုနာ (ဖိလစ်ပိုင် နည်းပြချုပ်)



အိမ်ရှင် မြန်မာနဲ့ အဖွင့်ပွဲမှာ အနိုင်ရဖို့ ကြိုးစားပါမယ်။ အသင်းရဲ့ စိတ်ဓာတ်ကို အကောင်းဆုံး မြှင့်တင်ဖို့ ကြိုးပမ်းပါမယ်။ ကျွန်တော်တို့ အသင်းက လူငယ်လေးတွေနဲ့ ဖွဲ့ထားတဲ့ အသင်းပါ။ ရေရှည်မှာ အောင်မြင်မှု ရဖို့ကို ရည်မှန်းပါတယ်။ ဒီအုပ်စုက အရမ်းကို တောင့်တင်းတဲ့ အုပ်စုပါ။ ကလေးတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး နိုင်ပွဲ များနိုင်သထက် များအောင် ကြိုးစားပါမယ်။ အကောင်းဆုံး ကြိုးစားပြီး ပြိုင်ပွဲဝင်ဖို့က ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါပဲ။ ဆီးဂိမ်းစ်တုန်းက ကစားသမား ၃၊ ၄ယောက်လောက်ပဲ ပါပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )