22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

မိမိတို့နှင့် စာချုပ်ထားသည်ကို လေးစားရန် မော့ဆက်စ်အား ၀ီဂန်အသင်း သတိပေး

မိမိတို့နှင့် စာချုပ် ချုပ်ဆိုထားသည် ဆိုသော အချက်ကို လေးစားမှု ထားရန် ဗစ်တာမော့ဆက်စ်အား ၀ီဂန် အသင်းက သတိပေး ပြောကြားလိုက်သည်။


ချယ်လ်ဆီး အသင်းသည် အသက်(၂၁)နှစ်ရှိ မော့ဆက်စ်ကို ပေါင်စတာလင် (၄)သန်းဖြင့် ကမ်းလှမ်းသော်လည်း ၀ီဂန်က ငြင်းဆန်ထားသည်။ ချယ်လ်ဆီး အသင်းသည် မော့ဆက်စ်ကို နောက်ထပ် ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေပြီး နိုက်ဂျီးရီးယား လက်ရွေးစင် ကစားသမား ကိုယ်တိုင်က စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ သွားရောက်ရန် စိတ်ဝင်စားကြောင်း ဖွင့်ဟ ပြောဆိုခဲ့ချိန်တွင် ၀ီဂန်အသင်း ဥက္ကဋ္ဌ ဒေ့ဗစ်ဝှီလန်က ယခုလို ပြောဆိုလာခြင်းဖြစ်သည်။ ၎င်းက မော့ဆက်စ်သည် မိမိတို့အပေါ် ပေးဆပ်ရန် အကြွေးများစွာ ကျန်နေသေးကြောင်း သတိပေးခဲ့သည်။
ဝီဂန်တွင် ဆက်ရှိဖွယ် ရှိသည့် မော့ဆက်စ်

"ကျွန်တော်တို့ဟာ ဒီချာတိတ်ကို ဆယ်ကျော်သက်အရွယ် ကစားသမားလေး ဘ၀ကနေ စပြီးတော့ ပျိုးထောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်နဲ့ ၀ီဂန် အသင်းတို့အပေါ်မှာ အကြွေးတင်နေတယ် ဆိုတာကို နားလည်ရပါမယ်။ သူ့ကို မာတီနက်ဇ်က ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့တာပါ။ ကျွန်တော် ကိစ္စတွေကို ရှုပ်ထွေးအောင် မလုပ်ချင်ဘူး။ သူဟာ ၀ီဂန်နဲ့ စာချုပ်ထားတဲ့ ကစားသမားပါ။ အေးဂျင့်တွေကတော့ ငွေရမယ့် ကိစ္စအတွက် ကြိုးစားကြမှာပဲ။ တကယ်လို့ သူသာ ချယ်လ်ဆီးကို ပြောင်းရင် သီတင်းပတ်တိုင်း ပထမ အသင်းမှာ ကစားခွင့်ရမယ် ထင်လား။ လောလောဆယ် မော့ဆက်စ်အတွက် တကယ် လိုအပ်တာက ထိန်းသိမ်း ကြပ်မတ်ပေးမှုရယ်၊ ပွဲကစားရတဲ့ အတွေ့အကြုံရယ်ပါ"ဟု ၀ှီလန်က ပြောဆိုခဲ့သည်။

သူဟာ ၀ီဂန်နဲ့ စာချုပ်ထားတဲ့ ကစားသမားပါ။ အေးဂျင့်တွေကတော့ ငွေရမယ့် ကိစ္စအတွက် ကြိုးစားကြမှာပဲ။ တကယ်လို့ သူသာ ချယ်လ်ဆီးကို ပြောင်းရင် သီတင်းပတ်တိုင်း ပထမအသင်းမှာ ကစားခွင့်ရမယ် ထင်လား။ လောလောဆယ် မော့ဆက်စ်အတွက် တကယ် လိုအပ်တာက ထိန်းသိမ်း ကြပ်မတ်ပေးမှုရယ်၊ ပွဲကစားရတဲ့ အတွေ့အကြုံရယ်ပါ...
သို့သော်လည်း မော့ဆက်စ်၏ အေးဂျင့်ဖြစ်သူ တိုနီ ဖန်နင်ဂန်က မိမိ၏ ကစားသမားသည် ၀ီဂန်အပေါ်တွင် မည်သည့် ကျေးဇူးကြွေးမျှ ရှိမနေဟု ဆိုသည်။ "ကိစ္စတွေက ဘယ်လိုဖြစ်ပျက် ပြောင်းလဲနေတယ် ဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော် ပြောနိုင်တာက ၀ီဂန်ဟာ မော့ဆက်စ်ကို မန်ချက်စတာ စီးတီးဆီ ရောင်းလိုက်တာမျိုး ဖြစ်နိုင်တာပဲ။ သူ့ကို ၀ီဂန်အသင်းဆီ ရောက်အောင် ဘယ်သူက ခေါ်ခဲ့တာလဲ။ ကျွန်တော်နဲ့ ၀ီဂန်အသင်း ကြားထဲမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါပေမဲ့ အလုပ်ကိစ္စက တစ်ကဏ္ဍပါ။ ဘာပဲဖြစ်ဖြစ် ၀ီဂန်ဟာ ဆွေးနွေး ညှိနှိုင်းလို့ အဆင်ပြေတဲ့ အသင်း တစ်သင်းပါပဲ" ဟု ဖန်နင်ဂန်က ပြောကြားသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )