22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

ရော်နယ်လ်ဒိုအား ချီးကျူး ဂုဏ်ပြုလိုက်သည့် ဆက်ခ်ျ

ချက်အသင်း၏ ဂိုးသမား ပီတာဆက်ခ်ျက ၎င်းတို့အား ဥရောပ ဖလား ကွာတားဖိုင်နယ် အဆင့်တွင် ထွက်ခွာစေခဲ့သူ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုအား ချီးကျူး ပြောဆိုမှုများ ပြုလုပ်လိုက်သည်။
ရော်နယ်လ်ဒိုသည် ပေါ်တူဂီက ချက်အား (၁-၀)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ပွဲပြီးရန် (၁၂)မိနစ် အလို၌ မြေထောက် ခေါင်းတိုက်ချက်ဖြင့် ဆက်ခ်ျ၏ ဂိုးပေါက်ထဲ ဘောလုံး ပို့ဆောင်ခဲ့သူ ဖြစ်သည်။ ရီးယဲလ်မက်ဒရစ် အသင်းမှ တိုက်စစ် ကစားသမားသည် အဆိုပါပွဲတွင် အကောင်းဆုံး အားထုတ်မှု နှစ်ကြိမ် တိုင်ထိထွက်ခဲ့ခြင်းကြောင့် ယခုထက် သွင်းဂိုး ပိုမများခြင်း ဖြစ်သည်။ ရော်နယ်လ်ဒိုသည် ဥရောပ ဖလားတွင် (၃)ဂိုး သွင်းယူထားပြီးဖြစ်ကာ ဆက်ခ်ျက ကမ္ဘာပေါ်တွင် အကောင်းဆုံး ကစားသမားနှစ်ဦး အနက် ရော်နယ်လ်ဒို ပါဝင်ကြောင်း မှတ်ချက်ပြုခဲ့သည်။


ချယ်လ်ဆီး ဂိုးသမား ဆက်ခ်ျသည် မန်ချက်စတာ ယူနိုက်တက်တွင် ရော်နယ်လ်ဒို ကစားနေစဉ် ကာလများအတွင်း အချင်းချင်း ပြိုင်ဘက်အဖြစ် အကြိမ်အတော်များများ တွေ့ဆုံခဲ့ဖူးသည်။ ဆက်ခ်ျက "ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ခံစားချက်တော့ ဘယ်ဖြစ်မလဲ။ ကျွန်တော်တို့ ရှုံးတယ်။ ပေါ်တူဂီက ပိုကောင်းတဲ့အသင်း ဖြစ်သလို နိုင်ဖို့လည်း ထိုက်တန်ပါတယ်။ ရော်နယ်လ်ဒိုကတော့ ကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမား နှစ်ယောက်ထဲက တစ်ယောက်ပါ။ သူ့ခေါင်းတိုက်ချက်က ဒါကို သက်သေပြနေပါတယ်။ ပြောရရင် ရော်နယ်လ်ဒိုဟာ ရပ်တန့် တားဆီးဖို့ ခက်ခဲလွန်းတဲ့ ကစားသမားမျိုးပါပဲ" ဟု ပြောကြားသွားသည်။ ပေါ်တူဂီသည် အကြိုဗိုလ်လုပွဲတွင် ပြင်သစ်နှင့် စပိန်တို့ အနက် အနိုင်ရသော အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ရော်နယ်လ်ဒိုကတော့ ကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမား နှစ်ယောက်ထဲက တစ်ယောက်ပါ။ သူ့ခေါင်းတိုက်ချက်က ဒါကို သက်သေပြနေပါတယ်။ ပြောရရင် ရော်နယ်လ်ဒိုဟာ ရပ်တန့်တားဆီးဖို့ ခက်ခဲလွန်းတဲ့ ကစားသမားမျိုးပါပဲ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )