22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

Battersea ဓာတ်အားပေးစက်ရုံ နေရာအား ၀ယ်ယူရေး မျှော်လင့်ချက်ကို မစွန့်လွှတ်သေးသည့် ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းသည် လန်ဒန်ရှိ Battersea ဓာတ်အားပေး စက်ရုံနေရာကို ၀ယ်ယူကာ အသင်းပိုင် ဘောလုံးကွင်းအဖြစ် ပြောင်းလဲရန် မျှော်လင့်ချက်အား မစွန့်လွှတ်သေးဟု သိရသည်။


မလေးရှား ကုမ္ပဏီ နှစ်ခုက အဆိုပါ ဓာတ်အားပေး စက်ရုံကို ၀ယ်ယူလိုက်ပြီဟု သတင်းများက အတည်ပြု ဖော်ပြပြီး ဖြစ်သော်လည်း ယခုအခါ ဥရောပ ချန်ပီယံ အသင်းက ယင်းစက်ရုံ နေရာတွင် ဆောက်လုပ်မည့် ကွင်း၏ Graphic ပုံရိပ်များကို ထုတ်ဖော် ပြသခဲ့သည်။ ချယ်လ်ဆီးသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျကို စွန့်ခွာကာ ပရိသတ် ၀င်ဆံ့မှုပမာဏ (၆၀၀၀၀)မျှထိ ရှိနိုင်သည့် ကွင်းသစ်တစ်ခုကို ဆောက်လုပ်ရန် ဆန္ဒရှိနေသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ယင်းစီမံကိန်းအတွက် Battersea နေရာကို သဘောကျနေခြင်း ဖြစ်သည်။

ကလပ်အသင်းက ၎င်းတို့ပိုင် ၀က်ဘ်ဆိုက်တွင် အားကစားကွင်း၏ စိတ်ကူးယဉ် Graphic ပုံရိပ်များကို ဖော်ပြခဲ့သည့်နောက် "ကျွန်တော်တို့ အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ ချယ်လ်ဆီးဟာ လက်ရှိအချိန်မှာ အဲဒီနေရာကို ၀ယ်ယူဖို့ ပိုင်ရှင်ဖြစ်သူတွေနဲ့ မဆွေးနွေးသေးဘူး ဆိုတာ နားလည်ပေးဖို့ အရေးကြီးပါတယ်။ ရောင်းချသူတွေက မလေးရှားက ၀ယ်လက်တွေကို ရွေးချယ်ထားပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးက နားလည်ထားတာကတော့ ညှိနှိုင်းမှုတွေဟာ လုပ်ဆောင်ဆဲ အခြေအနေမှာပဲ ရှိသေးတယ် ဆိုတာပါ။ အဲဒီ ညှိနှိုင်းမှု အောင်မြင်မလား၊ ပျက်ပြယ်မလား ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး"ဟု ရေးသားထားသည်။

ရောင်းချသူတွေက မလေးရှားက ၀ယ်လက်တွေကို ရွေးချယ်ထားပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးက နားလည်ထားတာကတော့ ညှိနှိုင်းမှုတွေဟာ လုပ်ဆောင်ဆဲ အခြေအနေမှာပဲ ရှိသေးတယ် ဆိုတာပါ။ အဲဒီ ညှိနှိုင်းမှု အောင်မြင်မလား၊ ပျက်ပြယ်မလား ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး...

ထို့အပြင် "အရင်ကတည်းက အသင်းရဲ့ ကြေညာချက်တွေ အပြင် ဒီပုံရိပ်တွေက ချယ်လ်ဆီးဟာ အားကစားကွင်းသစ် တစ်ခုကို အဲဒီနေရာမှာ ဆောက်လုပ်ဖို့ ရည်ရွယ်ချက် ရှိနေတယ် ဆိုတာ အသင်းပရိသတ်ကို သိစေလိုပါတယ်။ ချယ်လ်ဆီးရဲ့ မျှော်လင့်ချက်က ဘောလုံးကွင်းနဲ့ ဓာတ်အားပေး စက်ရုံကို ပူးပေါင်း တည်ဆောက်ဖို့ပါ။ သမိုင်းကြောင်းတစ်ခု တည်တံ့ခဲ့တဲ့ ဓာတ်အားပေး စက်ရုံကို ဆက်ထိန်းသိမ်းဖို့ ချယ်လ်ဆီးက မျှော်လင့်ပါတယ်။ ဒါဟာ စံပြုလောက်တဲ့ ကမ္ဘာ့အဆင့် ဘောလုံးကွင်း တည်ဆောက်မှုတစ်ခု ဖြစ်လာမှာပါ" ဟုလည်း ဖော်ပြထားကြောင်း သိရှိရသည်။
Ref: FC Business
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )