22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

ဂိုးပြတ်အနိုင်ဖြင့် အကြိုဗိုလ်လုပွဲ တက်လာသည့် နာမည်ကြီး ဂျာမနီ ~ ဂျာမနီ ၄ - ၂ ဂရိ

ဥရောပ ဖလားတွင် ဗိုလ်စွဲရန် ရေပန်း အစားဆုံး ဖြစ်နေသော ဂျာမနီသည် ဂရိအား (၄-၂)ဖြင့် အနိုင်ရပြီးနောက် အကြို ဗိုလ်လုပွဲ အတွက် နေရာတစ်နေရာ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။

ဥရောပ ဖလား (၃)ကြိမ် ချန်ပီယံဖြစ်ဖူးသည့် ဂျာမနီတွင် အဓိက တိုက်စစ်မှူး မာရီယို ဂိုမက်ဇ်ကို အရန်ခုံတွင် ထားရှိကာ မီယိုဆလက်ဗ် ကလိုဆေး၊ အန်ဒရီ ရှာရဲလ်၊ မီဆွတ် အိုဇေးလ်၊ မာကိုရူးစ်၊ ဘက်စတိန်း ရှဝိန်းစတိုင်ဂါ၊ ဖိလစ်လမ်း၊ ဟိုလ်ဂါ ဘက်စတူဘာ၊ မတ်စ်ဟမ်မဲလ်၊ ဂျရိုမီ ဘိုတန်၊ မန်နျူရယ်လ် နျူအာတို့ ပွဲထွက် ပါဝင်ခဲ့သည်။ (၂၀၀၄)ခုနှစ် ချန်ပီယံဟောင်း ဂရိတွင်မူ ဒီမီထရော့စ် ဆယ်လ်ပင်ဂီဒစ်၊ ဂျော်ဂျီရော့စ် ဆမာရက်စ်၊ ကွန်စတန်တီနော့စ် ကာဆိုရာနစ်၊ ဆိုတီရီရော့စ် နီနစ်၊ အိုင်ယွန်နော့စ် မန်နီရာတစ်၊ ဂရီဂေါ်ရီရော့စ် မာကော့စ်၊ ဂရီဂေါ့စ် ဇာဗဲလက်စ်၊ ကိုင်ရီကော့စ် ပါပါဒိုပူးလော့စ်၊ ဆိုကရေတက်စ် ပါပါစတက်သိုပူးလော့စ်၊ ဗက်ဆီလော့စ် တိုရိုဆီဒစ်နှင့် မစ်ချလစ် ဆီဖာကစ်တို့ ကစားခဲ့ကြသည်။



ယခုပွဲတွင် ဂျာမနီသည် တိုက်စစ်ကို အားပြုကစားခဲ့သလို ဂရိကလည်း ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်ဖြင့် အားပြုပြီး ဂျာမန်သားတို့အား တုံ့ပြန်ခဲ့သည်။ ပွဲချိန် (၁၂)မိနစ်တွင် ခီဒီရာ ပေးပို့သော ဘောလုံးကို ရူးစ် ပိတ်သွင်းရန် ကြိုးစားသော်လည်း ဂိုးပေါက်နှင့် အတော်များများ လွဲချော်သွားသည်။ (၂၃)မိနစ်တွင် ရူးစ်ပေးပို့သော ဘောလုံးကို ဂိုးပေါက်နှင့် (၁၀)ကိုက်မျှ အကွာမှ အိုဇေးလ် ကန်ခွင့်ရသော်လည်း ဂိုးသမား ဆီဖာကစ် တည့်တည့်သို့သာ ရောက်ရှိသွားသည်။ (၂၄)မိနစ်တွင် ရူးစ်လှမ်းကန်သော ဘောလုံးကို ဆီဖာကစ် ပိတ်ဆို့ခဲ့ရပြန်သည်။ (၂၅)မိနစ်တွင် ရူးစ်၏ အပြင်းကန်ချက်ဖြင့် ဖိအားပေးမှုကို တိုက်စစ်မှူး ကလိုဆေး ထပ်ဆင့်ပိတ်သွင်းရန် အားထုတ်မှု မအောင်မြင်ခဲ့ချေ။ ဂျာမနီသည် တောက်လျှောက် ဖိကစားနေပြီး (၂၆)မိနစ်တွင် အိုဇေးလ်၏ ပေးပို့မှုမှတစ်ဆင့် ရူးစ်ကန်သွင်းသော်လည်း ဂိုးဘားတန်းပေါ် ကျော်သွားသည်။ (၃၁)မိနစ်တွင် နီနစ်က ဂျာမန် ဧရိယာထဲ ချိုးဝင်လာကာ လှမ်းကန်သော ဘောလုံးကို နျူအာ ဒိုင်ဗင်ထိုး ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ (၃၅)မိနစ်တွင် ခီဒီရာ၏ ကန်ချက်ကို ဆီဖာကစ် တားဆီးရာမှ ကျွံထွက်လာသည်ကို မာကော့စ် ထပ်ဆင့် ရှင်းထုတ်ခဲ့ရသည်။ (၃၈)မိနစ်တွင် ဂျာမန်တို့ ဦးဆောင်ဂိုး သွင်းယူသည်။ အိုဇေးလ်၏ ပေးပို့မှုမှတစ်ဆင့် ဂျာမန် အသင်းခေါင်းဆောင် ဘယ်တောင်ပံ ခံစစ်မှူး လမ်းက ဂိုးဧရိယာ အစွန်းနားမှ လှလှပပ လှမ်းကန်ရာ ဆီဖာကစ် လက်နှင့်ထိပြီး ဂိုးဝင်သွားသည်။ ပထမပိုင်း အပြီးတွင် အဆိုပါဂိုးဖြင့် ဂျာမနီက ဦးဆောင်သည်။

ဘိုတန် ဖြတ်ပို့သော ဘောလုံးကို ကွင်းလယ်လူ ခီဒီရာက မြေမကျ အပြင်းကန်ချက်ဖြင့် အနီးကပ် ပိတ်သွင်းရာ ဆီဖာကစ် မည်သို့မျှ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရ...
ဒုတိယပိုင်း ပြန်လည် စတင်ပြီးနောက် (၁၀)မိနစ် အကြာတွင် ဂရိတို့ ချေပဂိုး ပြန်လည် သွင်းယူသည်။ တန်ပြန်တိုက်စစ်မှ တစ်ဆင့် ညာခြမ်းအတိုင်း ဆယ်လ်ပင်ဂီဒစ် ဆွဲပြေးပြီး ချိုးပေးလိုက်သည်ကို ဂျာမန်ခံစစ်မှူး နှစ်ဦးကြားမှ ဆမာရက်စ်က ပြေးဝင် ပိတ်သွင်းခဲ့ရာ နျူအာနှင့်ထိပြီး ဂိုးဝင်သွားခြင်းဖြစ်သည်။ မိနစ်(၆၀)တွင် ဂျာမန်တို့ တစ်ကျော့ပြန် ဦးဆောင်သည်။ ဘိုတန် ဖြတ်ပို့သော ဘောလုံးကို ကွင်းလယ်လူ ခီဒီရာက မြေမကျ အပြင်းကန်ချက်ဖြင့် အနီးကပ် ပိတ်သွင်းရာ ဆီဖာကစ် မည်သို့မျှ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရသည်။ ထို့နောက် (၈)မိနစ် အကြာတွင် ဂျာမန်သားတို့ နောက်တစ်ဂိုး ထပ်မံ သွင်းယူသည်။ အိုဇေးလ် ကန်တင်ပေးလိုက်သော ပြစ်ဒဏ်ဘောကို ယခုပွဲတွင် ပါဝင်ခွင့်ရသည့် အရန်တိုက်စစ်မှူး ကလိုဆေးက တိကျသေသပ်စွာ ခေါင်းတိုက် သွင်းယူသွားခြင်းဖြစ်သည်။ (၆၉)မိနစ်တွင် ကလိုဆေး၏ ကန်ချက်ကို ဆီဖာကစ် ကာကွယ်ခဲ့ရပြန်သည်။ (၇၅)မိနစ်တွင် ရူးစ်က ကလိုဆေး၏ ဖိအားပေးမှုကို ဆီဖာကစ် တားဆီးရာမှ ပြန်ထွက်လာသော ဘောလုံးအား အမှားအယွင်းမရှိ ပိတ်သွင်းကာ ဂျာမနီတို့ (၄-၁)ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ (၈၆)မိနစ်တွင် တိုရိုဆီဒစ်၏ ထိုးဖောက်မှုမှတစ်ဆင့် ဘိုတန်လက်နှင့် ဘောလုံးထိသဖြင့် ဂျာမနီအသင်း ပင်နယ်တီ ပေးရသည်။ ယင်းကို ဆယ်လ်ပင်ဂီဒစ်က နျူအာဒိုင်ဗင်ပစ်ရန် ဆုံးဖြတ်သည့်ဘက်နှင့် ဆန့်ကျင်ဘက်သို့ ကန်သွင်းပြီးနောက် (၄-၂)ဖြင့် ပွဲပြီးသွားခဲ့သည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )