22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 26, 2012

(၂၀၀၆)ခုနှစ် ကမ္ဘာ့ဖလား ရှုံးကြွေးကို ပြန်ဆပ်ရန် မျှော်လင့်ထားသည့် မူလာ

ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး သောမတ်စ် မူလာက ဥရောပ ဖလား အကြို ဗိုလ်လုပွဲတွင် (၂၀၀၆)ခုနှစ် ကမ္ဘာ့ဖလားက တင်ရှိခဲ့သော အီတလီ အပေါ် ရှုံးကြွေးအား ပြန်ဆပ်နိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ထိုစဉ်က ဂျာမနီသည် အကြိုဗိုလ်လုပွဲတွင်ပင် အီတလီအား အရေး နိမ့်ခဲ့သည်။ ယင်းပြိုင်ပွဲ ကာလအတွင်း အသက်(၁၆)နှစ်သာ ရှိသေးသော မူလာသည် ဂျာမန် မြေပေါ်တွင် ဂျာမန် အသင်း၏ ရှုံးပွဲအပေါ် ကြေကွဲ ၀မ်းနည်းစိတ်ဖြင့် စောင့်ကြည့် နေခဲ့ရသည်။ ယခုအခါတွင်မူ ဘိုင်ယန်မြူးနစ် အသင်း၏ ကစားသမားသည် အီတလီကို ရင်ဆိုင်ရန် အတွက် လက်ရွေးစင် အသင်း၏ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ပါဝင်ခွင့် ရလာပြီ ဖြစ်သည်။ ၎င်းက လက်ရှိ ဂျာမနီ၏ ခြေစွမ်းကို ယုံကြည်ပြီး အီတလီ အပေါ် လက်စား ချေနိုင်ရန် မျှော်လင့်ကြောင်း ဆိုသည်။


"အဲဒီတုန်းက ကျွန်တော် လူတွေ အများကြီးနဲ့ အတူ စုပြီးတော့ ပွဲကြည့်ခဲ့တယ်။ တကယ့်ကို ခါးသီးတဲ့ အတွေ့အကြုံပါ။ ဖေဘီယို ဂရော့ဆိုက ဂျာမနီရဲ့ အိပ်မက် အားလုံးကို ဖျက်ဆီး ပစ်ခဲ့တယ်။ ဂျာမနီနဲ့ အီတလီကြားမှာ အပြင်းစား ရင်ဆိုင်မှုတွေ ရှိခဲ့ဖူးတာ ကျွန်တော် ကြားဖူးပါတယ်။ ဒါပေမဲ့ အဲဒီ အကြောင်းအရာတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ခုအရေးကြီးတာက ကြာသပတေးနေ့မှာ ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ဂျာမနီဟာ ပေါ်တူဂီနဲ့ နယ်သာလန်လို အသင်းတွေကို အနိုင် ရခဲ့ပြီးပါပြီ။ အသင်းရဲ့ လက်ရှိ ခြေစွမ်းဟာ အားရစရာဖြစ်ပြီး ဒီပွဲရလဒ်တွေက အီတလီကို အနိုင်ယူဖို့ တွန်းအားတစ်ရပ် ဖြစ်စေပါလိမ့်မယ်" ဟု မူလာက ပြောကြားခဲ့သည်။

အဲဒီတုန်းက ကျွန်တော် လူတွေ အများကြီးနဲ့ အတူ စုပြီးတော့ ပွဲကြည့်ခဲ့တယ်။ တကယ့်ကို ခါးသီးတဲ့ အတွေ့အကြုံပါ။ ဖေဘီယို ဂရော့ဆိုက ဂျာမနီရဲ့ အိပ်မက် အားလုံးကို ဖျက်ဆီး ပစ်ခဲ့တယ်...
ဂျာမနီနည်းပြ ဂျိုအာချင်လိုသည် ဂရိနှင့် ကစားသည့် ကွာတားဖိုင်နယ်တွင် အသက်(၂၂)နှစ်ရှိ မူလာ အပါအ၀င် တိုက်စစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း အီတလီနှင့်ပွဲတွင် ပါဝင်ခွင့်ရမည်ဟု မူလာက ယုံကြည်နေသည်။ "ကျွန်တော် ဒီတစ်ခါ ပါဝင်ခွင့် ရမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကိုတော့ စောင့်ရဦးမှာပါ" ဟု ၎င်းက ပြောဆိုသွားသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )