22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 26, 2012

ရွန်နီ့အပေါ် လိုသည်ထက် မျှော်လင့် ခဲ့မိကြောင်း ဟော့ဂ်ဆန် ၀န်ခံ

မိမိ အနေဖြင့် ၀ိန်းရွန်နီ အပေါ် မျှော်လင့်ချက် အလွန်အမင်း ထားခဲ့မိကြောင်း အင်္ဂလန် လက်ရွေးစင် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ်မှူးသည် ဥရောပဖလားတွင် မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ဟု ဟော့ဂ်ဆန်က ၀န်ခံခဲ့သည်။ အင်္ဂလန်သည် ကွာတားဖိုင်နယ်တွင် အီတလီအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့် ထွက်ခွာခဲ့ရသည်။ ရွန်နီသည် UEFA၏ နှစ်ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံထား ရသော်လည်း ဟော့ဂ်ဆန်က ၎င်းအား အားကိုးတကြီး ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ရွန်နီသည် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် အိမ်ရှင် ယူကရိန်းဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ နိုင်ခဲ့သော်လည်း အီတလီနှင့် ပွဲတွင်မူ ပြောင်မြောက်သော စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ချေ။
ကွာတားဖိုင်နယ်မှ လှည့်ပြန်ခဲ့ရသည့် အင်္ဂလန်

ဟော့ဂ်ဆန်က "ကျွန်တော်တို့ ရွန်နီ့အပေါ် မျှော်လင့်ချက်တွေ အများကြီး ပုံအောလိုက်မိတယ် ထင်ပါတယ်။ ပထမ (၂)ပွဲကို သူကစားခွင့် မရပေမယ့် ကျွန်တော်တို့ ချန်ပီယံ ဖြစ်ဖို့ ရွန်နီက ကူညီမယ်လို့ တွေးနေမိခဲ့တယ်။ ဒါဟာ သူ့အပေါ် ကျွန်တော်တို့ရဲ့ တောင်းဆိုမှုက အရမ်း ကြီးမားသွားတာလည်း ဖြစ်နိုင်တယ်။ သူက အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲဟာ သူ့အတွက် အကောင်းဆုံး မဖြစ်ခဲ့ဘူး။ ဒါကို ကျွန်တော်တို့ ၀န်ခံဖို့ လိုပါတယ်" ဟု ဖွင့်ဟ ပြောကြားသွားခဲ့သည်။

ကျွန်တော်တို့ ရွန်နီ့အပေါ် မျှော်လင့်ချက်တွေ အများကြီး ပုံအောလိုက်မိတယ် ထင်ပါတယ်။ ပထမ (၂)ပွဲကို သူကစားခွင့် မရပေမယ့် ကျွန်တော်တို့ ချန်ပီယံ ဖြစ်ဖို့ ရွန်နီက ကူညီမယ်လို့ တွေးနေမိခဲ့တယ်။ ဒါဟာ သူ့အပေါ် ကျွန်တော်တို့ရဲ့ တောင်းဆိုမှုက အရမ်း ကြီးမားသွားတာလည်း ဖြစ်နိုင်တယ်...
၎င်းက ရွန်နီအပေါ် မျှော်လင့်ချက် ထားခဲ့မိသည့် အတွက်မူ နောင်တ မရဟုလည်း ဆိုသည်။ "ဒါက မဆန်းပါဘူး။ ဘယ်အသင်းမဆို သူတို့ ကစားသမားတွေ အတွက် မျှော်လင့် ယုံကြည်တတ်ကြတာပဲ။ တကယ်လို့ အင်ဒရီပီယာလိုသာ ခပ်ညံ့ညံ့ ကစားရင် အီတလီရဲ့ စွမ်းဆောင်ရည်ကို ထိခိုက် သွားမှာပဲ။ နိုင်ငံတကာ အဆင့် ပြိုင်ပွဲတွေမှာ ကစားသမား တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်လောက်ရဲ့ အားထုတ်နိုင်စွမ်းဟာ အများကြီး အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ရွန်နီကိုရော၊ အသင်းက ကစားသမား အားလုံး အတွက်ပါ ယုံကြည်စိတ်နဲ့ မျှော်လင့်ပြီးသားပါ" ဟုလည်း ဟော့ဂ်ဆန်က ပြောဆိုသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )