22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 26, 2012

မာဖီ့နေရာ ရေရှည် အစားထိုးရန် ရမ်ဆေးကို ဖူလ်ဟမ် စိတ်ဝင်စား

ဖူလ်ဟမ် အသင်းသည် အာဆင်နယ် ကွင်းလယ်လူ အေရွန်ရမ်ဆေးအား ကမ်းလှမ်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ဖူလ်ဟမ်သည် ၀ါရင့် ကစားသမားကြီး ဒန်နီမာဖီကို လက်လွှတ် ခဲ့သည့်နောက် ဝေလ လက်ရွေးစင် အသင်းခေါင်းဆောင်နှင့် ပြန်လည် အစား ထိုးနိုင်ရန် မျှော်လင့်လျှက် ရှိသည်။ အသက်(၃၅)နှစ် ရှိပြီဖြစ်သော မာဖီသည် ဖူလ်ဟမ်မှ ထွက်ခွာကာ ပြီးခဲ့သည့် ဘောလုံး ရာသီက တန်းဆင်းသွားသည့် ဘလက်ဘန်း ရိုဗာထံသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။ ဖူလ်ဟမ်သည် မာဖီကို အလွတ်ပြောင်းခွင့် ပြုခဲ့သည့်နောက် အင်္ဂလန် လက်ရွေးစင်ဟောင်းသည် တနင်္လာနေ့က ဘလက်ဘန်းနှင့် (၂)နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။


ထို့နောက် ဖူလ်ဟမ် အသင်းသည် လန်ဒန်ပြိုင်ဘက် အာဆင်နယ်ထံမှ ရမ်ဆေးအား ကမ်းလှမ်း ၀ယ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်သည်။ ရမ်ဆေးသည် ဂျက်ဝီလ်ရှိုင်းယား တစ်ရာသီလုံး နားခဲ့ရသည့် ဘောလုံးရာသီတွင် အာဆင်နယ်အတွက် ပွဲထွက် ကစားသမား တစ်ဦးအဖြစ် ကစားခွင့် ရခဲ့သည်။ သို့သော်လည်း အသက်(၂၁)နှစ်ရှိ ရမ်ဆေးသည် ယခုနွေရာသီတွင် အသင်းကို အားဖြည့်မည့် မန်နေဂျာ အာစင်ဝင်းဂါး၏ စီမံကိန်းများအရ ပွဲထွက်ခွင့် အကန့်အသတ် ရှိလာနိုင်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
ရမ်ဆေးသည် ဂျက်ဝီလ်ရှိုင်းယား တစ်ရာသီလုံး နားခဲ့ရသည့် ဘောလုံးရာသီတွင် အာဆင်နယ်အတွက် ပွဲထွက် ကစားသမား တစ်ဦးအဖြစ် ကစားခွင့် ရခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )