22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 26, 2012

ပူယိုးလ် မပါသော်လည်း စပိန် ခံစစ်ကို ပီကေး ဦးဆောင်နိုင်ကြောင်း ကားဆီးလက်စ် မှတ်ချက်ပြု

ဂျရတ်ပီကေးသည် ပုံမှန် ခြေစွမ်းမျိုး ပြန်လည် ရရှိလာကာ အသင်း၏ ခံစစ်ကြောင်းတွင် ကားလက်စ် ပူယိုးလ် နေရာကို အကောင်းဆုံး ဦးဆောင် ဖြည့်ဆည်း ပေးလိမ့်မည်ဟု အိုင်ကာ ကားဆီးလက်စ်က ပြောကြားလိုက်သည်။

စပိန် အသင်းခေါင်းဆောင် ဂိုးသမား ကားဆီးလက်စ်သည် မိမိ၏ အသင်းဖော် ပီကေးအပေါ် မျှော်လင့်ခ်ျက အပြည့်အ၀ ထားရှိကြောင်း ဆိုသည်။ ပီကေးသည် ဘာစီလိုနာတွင် ပုံမှန်တွဲဖက် ကစားနေကျ ပူယိုးလ် ဒဏ်ရာရနေချိန်တွင် ခြေစွမ်း အကောင်းဆုံး အနေအထား ရရှိရန် ရုန်းကန် နေရကြောင်း ဝေဖန်ခံနေသည်။ ပူယိုးလ်သည် ဒူးဒဏ်ရာ ခွဲစိတ်ရန် လိုအပ်သဖြင့် ဥရောပ ဖလား ပြိုင်ပွဲဝင် အသင်းတွင် မပါဝင်နိုင်ခဲ့ချေ။ စပိန် ခံစစ်တွင် ပီကေးနှင့် ရီးယဲလ်အသင်းမှ ဆာဂျီယို ရာမို့စ်တို့ အဓိက တွဲကစား နေပြီး စုစုပေါင်း (၄)ပွဲ၌ (၁)ဂိုးသာ ပေးထားရသည်။
စပိန်အသင်း ခံစစ်ကြောင်းအား ထိန်းပေးမည့် ပီကေး

စပိန်သည် ဥရောပ ဖလား အကြို ဗိုလ်လုပွဲတွင် ပေါ်တူဂီနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ ကားဆီးလက်စ်၏ ရီးယဲလ်အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒို၏  မြန်နှုန်းမြင့် ထိုးဖောက်မှု များကြောင့် ပီကေး ဦးဆောင်သော ခံစစ်ကြောင်း ဖိအားဝင်နိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်လျှက် ရှိသည်။ ကားဆီးလက်စ်က "ပူယိုးလ် မပါနိုင်လို့ ပြဿနာတက်မယ် ဟုတ်လား။ ပီကေးဟာ အမြဲတမ်း အကောင်းဆုံး ကစားနိုင်သူပါ။ ဘာစီလိုနာမှာရော၊ စပိန် လက်ရွေးစင် အသင်းမှာရောပေါ့။ သူဟာ လက်ရှိ အသင်းရဲ့ နောက်တန်းကို အကောင်းဆုံး ဦးဆောင်နိုင်တယ်ဆိုတာ သေချာပါတယ်" ဟု ဆိုသည်။

ပူယိုးလ် မပါနိုင်လို့ ပြဿနာတက်မယ် ဟုတ်လား။ ပီကေးဟာ အမြဲတမ်း အကောင်းဆုံး ကစားနိုင်သူပါ။ ဘာစီလိုနာမှာရော၊ စပိန် လက်ရွေးစင် အသင်းမှာရောပေါ့။ သူဟာ လက်ရှိ အသင်းရဲ့ နောက်တန်းကို အကောင်းဆုံး ဦးဆောင်နိုင်တယ်ဆိုတာ သေချာပါတယ်...
၎င်းက ယခုနှစ် ဥရောပ ဖလားသည် လွန်ခဲ့သည့် (၄)နှစ်ကထက် စပိန်အတွက် ပိုခက်ကြောင်းလည်း ဆိုသည်။ "(၂၀၀၈)တုန်းက စပိန်ဟာ ပုံစံ မတူတဲ့ အနေအထားနဲ့ ပြိုင်ပွဲ ၀င်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်တို့ဟာ ရေပန်းစား နေတဲ့ အသင်းတွေထဲမှာ မပါဘူး။ ခုချိန်မှာတော့ စပိန်ရဲ့ ကစားဟန်ကို ပြိုင်ဘက်တွေက ကျက်မိ နေသလို ပိုပြီး အလေးစိုက် ရင်ဆိုင် လာကြတာကို မြင်နိုင်ပါတယ်" ဟု ကားဆီးလက်စ်က ပြောကြားသွားသည်။
Ref: Soccerway
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )