22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 26, 2012

စပိန် အသင်းကိုကြိုက်တဲ့ စန္ဒီမြင့်လွင်နှင့် ၀ါဆိုမိုးဦး



Euro 2012 ဘောလုံးပွဲကို ပရိသတ်များမနားတမ်းကြည့်ရှုအားပေးခဲ့ကြသလို၊ အနုပညာရှင်များလည်း မလွတ်တမ်းကြည့်ရှုအားပေးတဲ့အသံများကြားသိခဲ့ရပါတယ်။ဒါကြောင့် ဒီတပတ် 8 Days Coverအတွက် ထူးထူးခြားခြားလည်းဖြစ်အောင် တစ်ခါမှ မတွဲဖူးသေးတဲ့ စန္ဒီမြင့်လွင်နှင့် ဝါဆိုမိုးဦး တို့နှစ်ယောက်ကို Euro 2012 ဘောလုံးပွဲသို့ သွားကြည့်မယ့် FashionStyle ဟန်ဖြင့် ရိုက်ကူးဖို့စဉ်းစားမိခဲ့ပါတယ်။

သွက်လက်မြူးကြွတဲ့သူတို့ရဲ့ Style နှင့်အတူ အမေးအဖြေကဏ္ဍမှာလည်း ဘောလုံးအားကစားနှင့် ပတ်သက်သမျှသူတို့အတွေး၊ သူတို့အဖြေများကိုဆက်လက်ဖတ်ရှုကြည့်ရအောင်ပါ။



Q. တကယ်လို့များ အကြိုက်ဆုံးဘောလုံးအသင်း ဘောလုံးပွဲလာနေတဲ့အချိန်မှာ စတိတ်ရှိုးဆိုနေတဲ့အချိန်၊ ဇာတ်ကားရိုက်နေတဲ့ အချိန်ကြုံခဲ့ရင် ဘာလုပ်ဖြစ်မှာပါလဲ။

A. စန္ဒီမြင့်လွင်- ဘောလုံးပွဲမကြည့်ဖြစ်တာကြာပြီ။ ကြည့်ချိန်မရှိတာလည်းပါတယ်။ အရင်တုန်းက မြန်မာပါတဲ့ ဦးမျိုးလှိုင်ဝင်း၊ ဦးသန်းတိုးအောင်တို့ ခေတ်တုန်းကတော့ မြန်မာဖက်က အားပေြး ပီးေ ဘာလုံးပွဲ ကို တောက်လျှောက် ကြည့်ဖြစ်တယ်။


စန္ဒီမြင့်လွင်

နောက်ပိုင်းကျတော့ သူများနိုင်ငံ အချင်းချင်း ကန်ကြတာ ဆိုတော့ ဘယ်အသင်း ကိုအားပေးမှန်း မသိတော့မကြည့်တတ်တာနဲ့မကြည့်ဖြစ်တော့တာပါ။

ဝါဆိုမိုးဦး – ဘောလုံးပွဲကိုတော့ ကြိုက်တယ်။ တကယ်လို့အလုပ်လုပ်နေရင်း ကိုယ်ကြိုက်တဲ့ အသင်းနိုင်မနိုင် ကိုတော့ နားစွင့်နေမိမှာသေချာတာပေါ့။

ဒါပေမယ့် ဘောလုံး ပရိသတ်ကို ပြောချင်တာက လောင်းကစားမလုပ်ဖို့ အတွက်တော့ အကြံပေးချင်တယ်။

Q. Euro 2012 မှာ အကြိုက်ဆုံးဘောလုံးအသင်းနဲ့ ဘောလုံးသမားရှိရင်ပြောပေးပါဦး။ ဒီနှစ်မှာ ဘယ်အသင်းဗိုလ်စွဲမယ်လို့ထင်ပါသလဲ။

စန္ဒီမြင့်လွင်- အကြိုက်ဆုံးဘောလုံးသမားကတော့ တောရပ်(စ်) ကိုကြိုက်တယ်။ ချောလို့ (ရယ်လျက်) အကြိုက်ဆုံးအသင်းကတော့ သူပါတဲ့ စပိန်အသင်းကိုကြိုက်တယ်။ ဒီအချိန်မှာ ဘယ်အသင်းဗိုလ်စွဲမယ်ဆိုတာကို မခန့်မှန်းရဲသေးဘူး။
Euro ဘောလုံးပွဲကကြည့်ဖြစ်တဲ့အချိန်ရှိသလို၊ မကြည့်ဖြစ်တဲ့အချိန်ကများလို့ပေါ့။

ဝါဆိုမိုးဦး – စပိန်အသင်းကိုအကြိုက်ဆုံးပဲ။ အကြိုက်ဆုံးဘောလုံးသမားက ဟင်နရီ၊ ရိုနယ်ဒို(ဒိုလေး) ကို အကြိုက်ဆုံးပဲ။ ဒိုလေးက အရမ်းချောလို့ (ရယ်လျက်)။



ဝါဆိုမိုးဦး

Q. အနှစ်သက်ဆုံးဘောလုံးအသင်းမန်နေဂျာ၊ ဘောလုံးသမားကို Online က အကြံပေး ပါဆိုရင် ဘာတွေအကြံပေးဖြစ်မှာပါလဲ။

A. စန္ဒီမြင့်လွင် – ကိုယ်စားပြုတဲ့နိုင်ငံအတွက် မလျှော့သောဇွဲလုံ့လနဲ့ယှဉ်ပြိုင်စေချင်သလို၊ အသင်းမှာ လိုအပ်ချက်၊ ကစားကွက်တွေကိုတစ်ပွဲထက်တစ်ပွဲကောင်းအောင်Online ကနေ တိုက်ရိုက် အကြံပေးဖြစ်မှာသေချာတယ်။

ဝါဆိုမိုးဦး- (ရယ်လျက်)ဘောလုံးပွဲကြည့်တာကိုသာဝါသနာပါတာ။ အဲဒါမျိုးကိုတော့အကြံမပေးတတ်ဘူး။

Q. အကြိုက်ဆုံးဘောလုံးသမားက ချွေးတွေစိုရွှဲနေတဲ့ သူ့အင်္ကျီကို ပွဲပြီးတာနဲ့လာယူပါဆိုရင် သွားယူဖြစ် မှာပါလား။

A. စန္ဒီမြင့်လွင်- ကြိုက်နှစ်သက်တဲ့ ဘောလုံးသမား ကသာလာယူပါဆိုရင် အပြေးသွားယူဖြစ်မှာ သေချာတယ်။ အိမ်မှာ ဒီးဒီရဲ့အိပ်ခန်းထဲမှာတောင်သူ့အင်္ကျီကိုကပ်ထားလိုက်မှာ။

ဝါဆိုမိုးဦး- ဟာ သိမ်းထားမယ်။ ရိုနယ်ဒို(ဒိုလေး) သာပေးရင်တော့ သိမ်းထားမယ်။ ရိုနယ်ဒို ကိုတော့ ကြိုက်သလား မမေးနဲ့။ အရမ်းချောလို့ (ရယ်လျက်) အရင်တုန်းကတော့ ဘက်ခမ်းကိုကြိုက်တယ်။ သူကအခုနည်းနည်းအိုသွားပြီဆိုတော့ မကြိုက်တော့ဘူး။



Q. ဘောလုံးကန်ခြင်းဟာအနုပညာတစ်မျိုးဆိုရင် အကြိုက်ဆုံးဘောလုံးသမားနဲ့ တစ်နေ့လုံး ဘောလုံး အကြောင်း ၊ အနုပညာအကြောင်းတွေကို ထိုင်ပြောချင်ပါသလား။ ဘာတွေပြောဖြစ်မှာပါလဲ။

A. စန္ဒီမြင့်လွင်- ကိုယ်ကြိုက်တဲ့ဘောလုံးသမားနဲ့သာ တစ်နေကုန်စကားပြောရရင် အရင်ဆုံးပျော်မိ မှာသေချာတယ်။ ကိုယ့်ရဲ့အနုပညာအကြောင်းတွေ၊ သီချင်းဆိုတဲ့အကြောင်းတွေကို သူ့ကို တစ်နေကုန်ပြောပြ မယ်။ သူ့ကိုဘာ တစ်ခွန်းမှပြန်မပြောခိုင်းဘူး(ရယ်လျက်)

ဝါဆိုမိုးဦး- ထိုင်ပြောချင်တယ်။သူ့အလုပ်အကြောင်း ကိုယ့်အလုပ်ကြောင်းတွေကို တစ်နေကုန် မနားတမ်းပြော မိမှာပါ။


Q. သီချင်းဆိုတဲ့အခါ ရုပ်ရှင်ရိုက်တဲ့အခါ၊ ပရိသတ်က လက်ခုပ် တီးပြီးအားပေးရင် အားတက်သလို၊ ပရိသတ်တစ်ယောက် အနေနဲ့အကြိုက်ဆုံး ဘောလုံးသမားကိုဘယ်လိုပုံစံမျိုး လက်ခုပ်တီးအားပေးဖြစ်မှာပါလဲ။

A. စန္ဒီမြင့်လွင်-ကိုယ်ကြိုက် တဲ့ဘောလုံး သင်း၊ ဘောလုံးသမားသာဆိုရင် ဘောလုံးပွဲ ကြည့်ပြီး အားတက် သရောနဲ့ သွင်းတော့လေ။သွင်းတော့လေ ဘာလုပ်နေတာလဲဆိုပြီး သူများတွေအော်သလို မျိုးအော်မိ မှာသေချာတယ်။


ဝါဆိုမိုးဦး-ကိုယ်အကြိုက်ဆုံးဘောလုံးသမားကို လှိုက်လှိုက်လှဲလှဲအားပေးဖြစ်မှာပေါ့။

Q. အကြိုက်ဆုံးဘောလုံးသမားက ကိုယ့်ကို အိမ်ထောင်ဖက်အဖြစ် ကမ်းလှမ်းလာခဲ့ရင် လက်ခံမှာပါလား။

A. စန္ဒီမြင့်လွင်- ဝမ်းပန်းတသာနဲ့ပေါ့(ရယ်လျက်) စိတ်ထဲမှာသာဝမ်းသာတာ ဒါပေမယ့် မိန်းမတို့ဣနြေ္ဒနဲ့ သုံးနှစ်သုံးမိုးစောင့်ပါဦးဆိုပြီးလေ့လာဖြစ်မိမှာတော့သေချာတယ်။

ဝါဆိုမိုးဦး- စဉ်းစားရမှာပေါ့။ရိုနယ်ဒို(ဒိုလေး) သာ လက်ထပ်ခွင့်တောင်းမယ်ဆိုရင် စဉ်းစား ပါရစေဦးရှင် ပြောလိုက်မိမှာသေချာတယ်။(ရယ်လျက်)

Q. နောက်ဆုံးအနေနဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ကို နှုတ်ဆက်စကားပြောပေးပါဦး။

A. စန္ဒီမြင့်လွင်- မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရံပုံငွေပွဲအတွက်ပါဝင်ဖျော်ဖြေပေးခဲ့တယ်။ ဒီးဒီရဲ့VCD ထွက်ဖို့ကြိုးစားနေပါတယ်။ထွက်ရှိရင် အားပေးပါဦးလို့ပြောချင်တယ်။ ဗီဒီယိုအနေနဲ့ကတော့ခုလတ်တလော ကိုရဲတိုက်နဲ့ ဗီဒီယိုဇာတ်ကားလေးတစ်ကားရိုက်ကူးနေပါတယ်။

ဆက်လက်ပြီး ပရိသိတ်အတွက် အနုပညာတွေကို ဆက်လက် ကြိုးစား သွာပါ့မယ်လို့ နှုတ်ဆက် စကားပြောချင်ပါတယ်။

ဝါဆိုမိုးဦး- အခုလတ်တလောတော့ မြန်မာပြည်သိန်းတန်နဲ့ထွန်းရွှေဝါကြော်ငြာရိုက်ဖြစ် တယ်။အဲဒီမတိုင်ခင် ကိုဝေဠုကျော် နဲ့ဇာတ်ကားနှစ်ကားရိုက်ဖြစ်တယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် ကချင်ပြည်နယ် ရံပုံငွေပွဲအတွက် ပြဇာတ်ကမှာဖြစ်တဲ့အတွက် (၁၅) ရက်နေ့ကတည်းကဇာတ်ကားရိုက်တာနားပြီး ပြဇာတ်ကို (၁၆) ရက်နေ့ထိက ပြဖြစ်ခဲ့တယ်။

ဒါပြီးရင်တော့ သရုပ်ဆောင်မြတ်သူအောင်နဲ့ ထွန်းရွှေဝါကြော်ငြာထပ်ရိုက်ဖို့ ရှိပါတယ်။ ပရိသတ်ကို ပြောချင်တာကတော့ ဝါဆိုတို့အသက်ရှင်နေသရွေ့ အနုပညာနဲ့ပတ်သက်သမျှ အဆန်းလေးတွေလုပ်သွားမှာပါ။ အိုက်တင်နဲ့ ပတ်သက်သမျှ ဒီ့ထက်မက တိုးတက်အောင်ကြိုးစားသွားမှာပါ။

အခုလိုဖက်ရှင်တွေ Cover တွေ ရိုက်ရာမှာလည်း ပရိသတ်အမြင်ဆန်းအောင်ကျေနပ်အောင်လည်း ကြိုးစားသွားမှာပါ။ ပရိသတ်ကို ဝါဆိုအမြဲတမ်းချစ်နေမှာပါလို့နှုတ်ဆက်ချင်ပါတယ်။ —-

ထွန်းမြင့်ဇော်
Ref : 8 Days Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )