22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

ခြေစွမ်း ပြနိုင်မှုကြောင့် လုပ်ခလစာ တိုးမြှင့် ခံစားခွင့်ရမည့် ချိန်ဘာလိန်

အာဆင်နယ် အသင်းတွင် ကစားနေသည့် ပထမဆုံး ဘောလုံး ရာသီတွင်ပင် အံ့ဩလောက်ဖွယ် တိုးတက်ဖြစ်ထွန်းမှုများ ပြသ ခဲ့သည့်နောက် အဲလက်စ် အိုလိဒ် ချိန်ဘာလိန်သည် လုပ်ခလစာ ခံစားခွင့် တိုးမြှင့် ရရှိတော့မည် ဖြစ်သည်။
ဆောက်သမ်တန် လူငယ် အကယ်ဒမီမှ ထွက်ပေါ်လာသော ဆယ်ကျော်သက် ကစားသမားလေးသည် ပြီးခဲ့သည့် နွေရာသီကမှ အာဆင်နယ်နှင့် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၅၀၀၀)တန် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ အမ်းမရိတ်စ်တွင် ခြေစွမ်းပြ ကစားနိုင်သော အသက်(၁၈)နှစ် အရွယ် တောင်ပံ တိုက်စစ်သမားသည် ဥရောပဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းအတွက် ရွေးချယ်ခံရသလို အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါး အားထားရသူ တစ်ဦးလည်း ဖြစ်လာသည်။


အာဆင်နယ် အသင်းမှ တာဝန်ရှိသူများသည် ချိန်ဘာလိန်၏ တိုးတက်မှုများအား နှစ်သက် ကျေနပ်လျှက် ရှိနေရာ ယခုအခါ ကစားသမားကို လုပ်ခလစာ တိုးမြှင့်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။ သို့သော်လည်း မည်သည့် အတိုင်းအတာထိ ခံစားခွင့် တိုးပေးမည် ဆိုသည်ကိုမူ တိတိကျကျ မသိရသေးချေ။ အာဆင်နယ်သည် စပိန်ကွင်းလယ်လူ မစ်ကယ် အာတီတာကိုလည်း အလားတူ ချီးမြှင့်မှု ပြုလုပ်ရန် ဆန္ဒရှိနေသည်။ ၀င်းဂါးသည် ယခုနွေရာသီတွင် အသင်းမှ ပိုလျှံ ကစားသမား အများစုကို ရှင်းထုတ်ကာ အဓိက ကစားသမားများ၏ လုပ်ခ ခံစားခွင့်ကို အပြောင်းအလဲ ပြုလုပ်ကာ မြှင့်တင်ပေးရန် ဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
ဆောက်သမ်တန် လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသော ဆယ်ကျော်သက် ကစားသမားလေးသည် ပြီးခဲ့သည့် နွေရာသီကမှ အာဆင်နယ်နှင့် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၅၀၀၀)တန် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )