22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

ရိုဒရီဂွတ်ဇ်ကို မန်ယူ ခေါ်ယူနိုင်ရန် အခွင့်အရေး ရှိနေကြောင်း အေးဂျင့်ဖြစ်သူ အရိပ်အမြွက်ဆို

မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို ခေါ်ယူရန် အခွင့်အရေးများ ရှိနေကြောင်း ကစားသမား၏ အေးဂျင့်က အရိပ်အမြွက် ပြောဆိုလိုက်သည်။


မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အထူးတလည် စိတ်ဝင်စားနေသည့် အသက်(၂၀)အရွယ် ကိုလံဘီယာ တောင်ပံတိုက်စစ် ကစားသမားလေးအား ပေါ်တိုက ပေါင်စတာလင် သန်း(၄၀)ထိ ဈေးနှုန်း သတ်မှတ်ထားသော်လည်း အေးဂျင့်ဖြစ်သူ ဆီလ်ဗီယို ဆန်ဒရီက စာချုပ်၏ အနေအထားသည် သိမ်မွေ့ ရှုပ်ထွေးကြောင်း ဖွင့်ဟခဲ့သည်။ ဂိုးသွင်းစွမ်းရည် မြင့်မားသော ရိုဒရီဂွတ်ဇ်သည် ပေါ်တိုအသင်းတွင် ပွဲပေါင်း(၂၀) ကစားကာ (၁၃)ဂိုး သွင်းယူထားသည်။ ဖာဂူဆန်သည် ၎င်းကို ပေါင်စတာလင် (၂၅)သန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ထူးခြားတဲ့ အချက်တော့ ပြောစရာ သိပ်မရှိဘူး။ ပေါ်တိုနဲ့ ဆွေးနွေးမှုကတော့ လုပ်ရမှာပါ။ ကျွန်တော် နောက်နှစ်ပတ်လောက်ဆို ပေါ်တိုကို သွားမယ်။ အသင်းက လူကြီးတွေနဲ့ တွေ့ပါမယ်။ ပြောရရင် ပေါ်တိုနဲ့ ရိုဒရီဂွတ်ဇ် ဆက်နွယ်မှုက ထင်တာထက် ရှုပ်ထွေးတယ်။ ဘာမဆို အပြောင်းအလဲ ဖြစ်နိုင်ပါတယ်...
အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ရန် ဆွေးနွေးမှု မရေမရာ ဖြစ်နေသည့် ပေါ်တူဂီ တောင်ပံလူ လူးဝစ်နာနီအား ရောင်းထုတ်ဖြစ်ပါက ရိုဒရီဂွတ်ဇ်အား တိုက်ရိုက် အစားထိုးရန် ဆန္ဒ ရှိနေသည်။ အေးဂျင့် ဆန်ဒရီက O Jogo သတင်းဌာနနှင့် အင်တာဗျူးတွင် ပေါ်တိုသည် ရိုဒရီဂွတ်ဇ်၏ အနာဂတ်အတွက် အာမခံချက် မပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။ "ထူးခြားတဲ့ အချက်တော့ ပြောစရာ သိပ်မရှိဘူး။ ပေါ်တိုနဲ့ ဆွေးနွေးမှုကတော့ လုပ်ရမှာပါ။ ကျွန်တော် နောက်နှစ်ပတ်လောက်ဆို ပေါ်တိုကို သွားမယ်။ အသင်းက လူကြီးတွေနဲ့ တွေ့ပါမယ်။ ပြောရရင် ပေါ်တိုနဲ့ ရိုဒရီဂွတ်ဇ် ဆက်နွယ်မှုက ထင်တာထက် ရှုပ်ထွေးတယ်။ ဘာမဆို အပြောင်းအလဲ ဖြစ်နိုင်ပါတယ်" ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
Ref: Footy Latest
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )