22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

စပိန်သာ ဥရောပ ချန်ပီယံဖြစ်ပါက ယောက်ျားချင်း နမ်းမည်ဟု ကားဆီးလက်စ် ကျီစယ်

စပိန် လက်ရွေးစင် အသင်းခေါင်းဆောင် အိုင်ကာ ကားဆီးလက်စ်က အကယ်၍ ယခု ယှဉ်ပြိုင်နေသည့် ဥရောပ ဖလားတွင် အောင်ပွဲ ရပါက ယောက်ျားချင်း နမ်းမည်ဟု နောက်ပြောင် ပြောဆိုလိုက်သည်။


ရီးယဲလ်မက်ဒရစ် အသင်း၏ ဂိုးသမားသည် (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလားကို စပိန်အသင်း ဆွတ်ခူးစဉ်က ၎င်းအား အင်တာလာဗျူးသည့် ချစ်သူ သတင်းထောက်မလေး ဆာရာ ကာဘိုနီရိုအား ကင်မရာများရှေ့တွင် ဖက်နမ်းခဲ့သူ ဖြစ်သည်။ ယင်းမြင်ကွင်းကို ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ရုပ်မြင်သံကြားကြည့် ပရိသတ်များက သဘောတကျ ရယ်မောခဲ့ရဖူးသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စပိန်ဝါရင့် သတင်းထောက် ဟိုဆေးရေမွန် ဒီလာ မိုရီနာက စပိန်သာ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲ၍ မိမိက အင်တာဗျူးခွင့်ရလျှင် မိမိကို ကာဆီးလက်စ် နမ်းမည်လားဟု အရွှမ်းဖောက် မေးခွန်းထုတ်ခဲ့သည်။


ထိုအခါ အသက်(၃၁)နှစ်ရှိ ကားဆီးလက်စ်က Cadena Ser သတင်းဌာနမှ သတင်းထောက်အား မိမိတို့အသင်း အောင်ပွဲခံလျှင် မိုရီနာကို ဦးစွာလိုက်ရှာပြီး နမ်းမည်ဟု ပြန်လည် နောက်ပြောင်ခဲ့ခြင်း ဖြစ်သည်။ ကားဆီးလက်စ်က "စိတ်ချ။ တကယ်လို့ ကျွန်တော်သာ ဥရောပ ချန်ပီယံ ဖြစ်လာကြည့်။ ကျွန်တော် ပထမဆုံး အလုပ်က ခင်ဗျားကို လိုက်ရှာမယ်။ အနမ်းတစ်ပွင့် ပေးမယ်"ဟု ပြောဆိုခဲ့သည်။ ထိုအခါ မိုရီနာက ရယ်ရယ်မောမောဖြင့် "ဒါဆို ခင်ဗျား ကျွန်တော့်ကို လိုက်ဖမ်းလို့ မိမမိ ကြည့်ရမှာပေါ့လေ"ဟု တုံ့ပြန်ခဲ့သည်။
စိတ်ချ။ တကယ်လို့ ကျွန်တော်သာ ဥရောပ ချန်ပီယံ ဖြစ်လာကြည့်။ ကျွန်တော် ပထမဆုံး အလုပ်က ခင်ဗျားကို လိုက်ရှာမယ်။ အနမ်းတစ်ပွင့် ပေးမယ်...

စပိန်သည် ယနေ့ညတွင် ဥရောပ ဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ဒိုးနက်ခ်မြို့တွင် ပြင်သစ်နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး အနိုင်ရသော အသင်းသည် ပေါ်တူဂီနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )