22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 23, 2012

ဆီမဟုတ်သည့်အရာများ မှောင်ခိုတင်သွင်းရောင်းချသူများကို အရေးယူရန်

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီများဟုဆိုသော ဆီများမှာ စားသုံးဆီ မဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
အဆိုပါ ဆီမဟုတ်သည့်အရာများ တင်သွင်းရောင်းချသူများကို အရေးယူရန်နှင့် ဈေးကွက်အတွင်း ဆီမဟုတ်သည့်အရာများအား စစ်ဆေးအရေးယူနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အသိပေးထားကြောင်း သိရသည်။
ဇွန်လ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် ပြည်ပမှ တရားမ၀င် မှောင်ခိုတင်သွင်းမှုများ မြင့်တက်နေသည့် ကိစ္စရပ်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုမှ အစိုးရအဖွဲ့ တာဝန်ရှိသူများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င်တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဓာတ်ခွဲစမ်းသပ်ရာတွင် စားသုံးဆီဖြင့် ခပ်ဆင်ဆင်တူသော်လည်း ဆီမဟုတ်ကြောင်း တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ အဆိုပါဆီများကို တရားမ၀င် တင်သွင်းဖြန့်ဖြူးသူဟု ယူဆရသူနှင့် ဆက်စပ်နိုင်ဖွယ်ရှိသူ အမည်အချို့ကိုပါ ဖော်ထုတ်ထားပြီး စစ်ဆေးအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ အသိပေးဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
"ဆွေးနွေးပွဲက မှောင်ခိုတင်သွင်းတဲ့ ကိစ္စလျော့ကျဖို့ အတွက်ပါ။ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ဌာန တာဝန်ရှိသူတွေက ထိုင်း၊ တရုတ် စသဖြင့် နယ်စပ်တွေကနေ တရားမ၀င်ကုန်သွယ်တဲ့ ကိစ္စတွေကို စုံစမ်းတယ်လို့ သိရတယ်။ မြ၀တီ၊ မြိတ်နဲ့ ကော့သောင်း၊ မူဆယ် အဖွဲ့သုံးဖွဲ့ခွဲဆင်းကြတယ်။ ဆင်းတဲ့အခါမှာ No Profile နဲ့ ညွှန်ကြားရေးမှူးတွေကအစ သာမန် အရပ်သားအနေနဲ့ ဆင်းတယ်။ တရားမ၀င် ကုန်သွယ်မှုတွေကို ဓာတ်ပုံမှတ်တမ်းပါ ယူထားတယ်။ အခု အဲ ဒီမှတ်တမ်းတွေနဲ့ စုံစမ်းထောက်လှမ်းထားတဲ့ သက်သေတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက အစိုး ရအဖွဲ့တွေကို ခေါ်ယူပြီး ချပြလိုက်တယ်။ ဒါကို ထိမ်းသိန်းဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ အနေနဲ့ ပိုပြီးလုပ်ကိုင်ရဖို့ရှိတယ် ဆိုပြီး ဆွေးနွေးကြတာပါ။ အဲဒီပွဲမှာ တရုတ်နယ်စပ်က တရားမ၀င်သွင်းလာတဲ့ စားသုံးဆီဆိုတဲ့ဟာတွေကို ဓာတ်ခွဲစမ်းသပ်လိုက်တာ ဆီနဲ့သာတူတာ ဆီမဟုတ်ကြောင်း တွေ့ရတယ်ဆိုတာကိုပါ ထုတ်ဖော်ပြော ကြားတော့ လန့်တောင်လန့်သွားကြတယ်။ ဈေးကွက်ထဲမှာတွေ့လို့ FDA ကို ပို့ပြီးစစ်တာ လို့ပြောတယ်။ အဲဒီကိစ္စကို တရားမ၀င်တင်သွင်းတယ်လို့ ယူဆရတဲ့သူ၊ သူနဲ့ ပတ်သက်ဆက်စပ်နိုင်တဲ့ သူတွေရဲ့ နာမည်အချို့နဲ့ လမ်းကြောင်းအချို့ကိုပါ ထုတ်ပြောသွားတယ်။ အတိအကျ မဟုတ်ပေမယ့် အဲဒီလမ်းကြောင်း အတိုင်းဆို ဘယ်သူဖြစ်နိုင်တယ်။ ဘယ်ဈေးကွက်ထဲရောက်နိုင်တယ် ဆိုတာကို အနီးစပ်ဆုံးခန့်မှန်း ပြောကြားတဲ့သဘောပါ။ အဲဒီလမ်းကြောင်းအတိုင်း လိုက်ပြီး မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း စစ်ဆေးလို့ရအောင် အသိပေး ဆွေးနွေးတာတွေ့ရတယ်။ ဒီဆီတွေကို စစ်ဆေးတွေ့ရှိဖို့ကတော့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဥပမာ-ဈေးကွက်ထဲက စားသုံးဆီက တစ်ပိဿာ ၂၀၀၀ ကျပ်ဆိုရင် အဲဒီဆီအတုက တစ်ပိဿာကို ၃၀၀၊ ၄၀၀ လောက်ပဲရှိတယ်။ ဒီတော့ သူ့ချည်းပဲ သွင်းတဲ့သူက မရောင်းဘူး။ ဈေးကွက်ထဲက စား သုံးဆီတွေနဲ့ ရောရောင်းတာမျိုး ဖြစ်နိုင်တော့ တော်တော်ဆိုးပါတယ်"ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
စားအုန်းဆီ ပြည်ပမှ ၅ နှစ်အတွင်း တရားဝင် တင်သွင်းမှုပမာဏ(အမေရိကန်ဒေါ်လာ၊သန်း)
 ဘဏ္ဍာနှစ် စားအုန်းဆီ
၂၀၀၆-၂၀၀၇ ၇၄ .၄၁၀
၂၀၀၇-၂၀၀၈ ၂၀၂ .၄၄၀
၂၀၀၈-၂၀၀၉ ၂၉၁ .၇၅၀
၂၀၀၉-၂၀၁၀ ၁၇၈ .၂၉၀
၂၀၁၀-၂၀၁၁ ၁၉၈ .၇၆၂
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )