22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Saturday, June 9, 2012
မောင်တော မှာ ရိုဟင်ဂျာ ဘင်္ဂလီ တွေ အကြမ်းဖက် မှုကြောင့် သေဆုံးသူ တစ်ရာ ကျော်ရှိ
IF
ရခိုင် ပြည်နယ် မောင်တော မြို့  မှာ အစ္စလာမ် ဘာသာဝင် တွေ လူစုလူဝေး နဲ့  အကြမ်းဖက်
မီးရှို့  မှု တွေ ၊ ဓာလုပ်တာ ကြောင့် ဒေသခံ ရဲတပ်ဖွဲ့  က သေနတ် မိုးပေါ် ထောင်ဖောက် ပြီး
လူစု ခွဲ့  ခဲ့ ရသည်။
ယနေ့  နံနက် ပိုင်း မွတ်ဆလင် ဘာသာ ၀င် တို့ ဗလီ ဆင်းချိန် တွင် လူစုလူဝေး ဖြင့် မြို့  စွန်ရှိ
ဗိုလ်မှုး ကျေးရွာ မှ နေအိမ် များ ကို မီးရှို့ ဖျက်ဆီး ပြီး အနည်းဆုံး လူ ၁၀ ဦး ခန့်  ကို အုတ်ခဲ
များ တုတ် များ ဖြင့် လိုက်လံ ပြစ်ခတ် သောကြောင့်  ဆရာဝန် နှစ်ဦး နှင့် အခြား အသက် ၆၀
ကျော် အမျိုးသား တစ်ဦး သေဆုံး သွား ခဲ့ သည်။
မူလက နေ့ လည် ၂ နာရီ ကျော် ခန့်  အချိန် တွင် အခြေအနေ မှာ ထိမ်းသိမ်း မရ သော ကြောင့်
အစိုးရ က ပစ်မိန့် ပေး ပြီး နောက် လူစု ခွဲ ခြင်း ကို ခွင့် ပြု လိုက်သည် ဟု သတင်း ရရှိသည်။
ယခု ဖြစ်ရပ် မတိုင်ခင် အစ္စလာမ် အဖွဲ့  အစည်း များ မှာ လူစုလူဝေး ဖြင့် ဆူပူ ခြင်း မပြု လုပ်ရန်
ကြေငြာ ချက် ထုတ် ပြန်ခဲ့ သည်။
အကြမ်းဖက် မှု ကြောင့် သေဆုံး သူ အနည်းဆုံး လေးဦး ခန့်  ရှိ သွား ပြီ ဟု သိရသည်။
သေဆုံး သူများ မှာ ဓားဖြင့် ခုတ်သတ် ခံ ရခြင်း ကြောင့် သေဆုံး ခြင်း ဖြစ်ပြီး ၊ ဒဏ်ရာရရှိ သူ
လေးဆယ်ဦးခန့်  ရှိသည် ဟု သိရသည်။
ညဘက် တွင် လည်း အစ္စလာမ် ဘာသာ ၀င်များက လူစုလူဝေး များ ဖြင့် ဆက်လက် လှုပ်ရှား
နေ ပြီး အိမ် များ ကို မီးရှို့  ဖျက်ဆီးလျှက် ရှိ ကြောင်း သိရသည်။
အစ္စလာမ် ဘာသာ ၀င်များ က မောင်တော တွင် မြန်မာ ဗုဒ္ဓဘာသာ နေအိမ်
များ ကို မီးရှို့ ဖျက် ဆီး ပြီး နောက် ဘုရား ဆင်းတု များ ကို ဖျက်ဆီးခြင်း ၊ ခြေ
ထောက်ဖြင့် ကန် ကျောက် ခြင်း များ လုပ်ခြင်း တို့  ကို ပြု လုပ် သည် ဟု မောင်တော ဆေးရုံကြီး
မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦးက FNG ကို ပြောသည်။
ဘင်္ဂလား ဒေရှ် နိုင်ငံ နှင့် နယ်စပ် ချင်း ထိစပ် နေသည့် မောင်တော မြို့  တွင် အစ္စလာမ် ဘာသာ
ဝင်များ မှ လူများ စု ဖြစ် ပြီး မြန်မာ ဗုဒ္ဓဘာသာ များ မှာ လူနည်းစု ဖြစ်ကာ  ဒေသခံခြေလျှင် တပ်
ရင်း တစ်ခု ၊ အကျဉ်းဦးစီးနား ရဲဘက် စခန်း တစ်ခု အတွက် အကစ လုံခြုံရေး ၀န်ထမ်း နှင့်
ရဲတပ်ဖွဲ့  တစ် ခု သာရှိသည်။
နောက်ဆုံး သိရသည့် သတင်းများ အရ ဘူးသီးတောင် အခြေစိုက် ခလရ ၈၃ မှ တပ်များ မောင်
တော မြို့  အခြေ အနေ ထိမ်းသိမ်း ရန် ထွက် ခွာ သွား သည် ဟု သိရသည်။  အစ္စလာမ် ဘာသာ
ဝင်များ က အကြမ်းဖက်မှု ဖြစ်ပွား နေသည့်  မောင်တော မြို့  တွင် လည်း ပုဒ်မ ၁၄၄ ဖြင့် ညမထွက်
ရ အမိန့် ထုတ် ပြန်ထား သည်။
မောင်တော မြို့  အနီးမှ မီးရှို့  ခံ ရသည့် ရွာများ မှ ၁၄ ရွာ ရှိ သည် ဟု သတင်း ရရှိ ပြီး ဘုန်းတော်
ကြီး ကျောင်း နှစ်ကျောင်း နှင့် စာသင်ကျောင်း ငယ် တစ်ခု ပျက် စီး သွား သည်။
ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က  ရိုဟင်ဂျာ
များ ကို မြန်မာ တိုင်းရင်းသား အဖြစ် မသတ်မှတ် နိုင်ကြောင်း တရားဝင်ပြောကြားလိုက်သည်။
နောက်ဆုံး သိရသည့် သတင်းများ အရ အစ္စလာမ် ဘာသာ ၀င် များ ၏ အကြမ်းဖက် တိုက် ခိုက်မှု
ကြောင့် သေဆုံး သူ မြန်မာ ဗုဒ္ဓဘာသာဝင် ၁၀၀ ကျော် ရှိ နိုင်ကြောင့် မော်တော မြို့ နယ်
တိုက်နယ် ဆေးရုံ မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦး က FNG သို့  အတည်ပြု
သည်။ ” တစ်ချို့  ရွာ တွေ မှာ ရွာလုံး ကျွတ် ဖျက်ဆီး ခံရတာ ရှိ တယ် ၊ ရဲ
လည်း မရှိ ဘူး စစ်တပ် လည်း မရှိ ဘူး ” အဲဒီက အခြေအနေ တွေ မသိရ
သေးဘူး ” ဟု ပြောသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )