နယူးကာဆယ်လ် ယူနိုက်တက် အသင်းသည် အေဂျက်စ် အမ်စတာဒမ် ကွင်းလယ်လူ ဗာနွန် အနီတာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
အသက်(၂၃)နှစ် အရွယ် ကစားသမား၏ အေးဂျင့်က နယူးကာဆယ်လ်၏ ဆက်သွယ်မှု သတင်းကို အတည်ပြုခဲ့ပြီး အက်စ်တန်ဗီလာသည်လည်း အနီတာ အတွက် လှုပ်ရှားလာဖွယ် ရှိနေကြောင်း ပြောဆိုခဲ့သည်။ အနီတာသည် နည်းပြ ဖရန့်ခ်ဒီဘိုးဝါး ဦးဆောင်သော အေဂျက်စ်အသင်း နယ်သာလန် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ရာတွင် အရေးပါသော အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ နယူးကာဆယ်လ် မန်နေဂျာ အလန်ပါဂျူးသည် အနီတာ၏ ကစားဟန်ကို စောင့်ကြည့် နေခဲ့ပြီး အေးဂျင့်ဖြစ်သူ ဟယ်ရီလူလော့ဖ်က ကွင်းလယ်အဖျက် ကစားသမားကို နယူးကာဆယ်လ်က ကမ်းလှမ်း လိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။
နယူးကာဆယ်လ်မှ ကမ်းလှမ်းဖွယ် ရှိသည့် အနီတာ
လူလော့ဖ်က "အေဂျက်စ်ကတော့ အနီတာရဲ့ ခြေစွမ်းအပေါ် ကျေနပ်မှု အပြည့်ရှိပါတယ်။ ဒါကြောင့် သူ့ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဖို့ အလို ရှိနေတယ်။ ဒါပေမဲ့ နယူးကာဆယ်လ်က အနီတာကို အသေအချာ စောင့်ကြည့်နေသလို သူတို့ဟာ အနီတာကို တကယ်ပဲ အလေးအနက် စာချုပ် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။ ၎င်းက ဗီလာအသင်း မန်နေဂျာ ပေါလ်လမ်းဘတ်သည်လည်း အနီတာကို စိတ်ဝင်စား နေကြောင်း ဆိုသည်။ "ဗီလာကလည်း စလှုပ်ရှား နေပါပြီ။ သူတို့ကလည်း နီးနီးစပ်စပ် ဖြစ်လာနိုင်ပါတယ်။ တိတိကျကျတော့ ကျွန်တော်လည်း မသိသေးဘူး" ဟု လူလော့ဖ်က ပြောကြားသွားသည်။
အေဂျက်စ်ကတော့ အနီတာရဲ့ ခြေစွမ်းအပေါ် ကျေနပ်မှု အပြည့်ရှိပါတယ်။ ဒါကြောင့် သူ့ကိုလည်း ဆက်ပြီး ထိန်းသိမ်းထားဖို့ အလိုရှိနေတယ်။ ဒါပေမဲ့ နယူးကာဆယ်လ်က အနီတာကို အသေအချာ စောင့်ကြည့်နေသလို သူတို့ဟာ အနီတာကို တကယ်ပဲ အလေးအနက် စာချုပ် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်...
2:52 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com