22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

အေဂျက်စ်တွင် နောက်တစ်ရာသီ ဆက်ကစား သွားရန် အဲရစ်ခ်ဆန် စဉ်းစားနေ

ဥရောပ ထိပ်သီး အသင်း များစွာ၏ စောင့်ကြည့်ခြင်းကို ခံနေ ရသော်လည်း အေဂျက်စ် အမ်စတာဒမ်တွင် နောက်ထပ် အနည်းဆုံး တစ်ရာသီမျှ ဆက်ကစားရန် ခရစ္စတီယန် အဲရစ်ခ်ဆန်က စဉ်းစားထားကြောင်း သိရှိရသည်။

ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားလေးသည် ဥရောပ ဖလား ပြိုင်ပွဲ အပြီးတွင် ကလပ် အသင်းများစွာ၏ ချဉ်းကပ် ကမ်းလှမ်းမှုကို ခံလာရဖွယ် ရှိနေသည်။ နယ်သာလန် လက်ရွေးစင် အသင်းကို အနိုင် ရခဲ့သော ဒိန်းမတ် အသင်း၌ ပါဝင် ကစားခဲ့သည့် အဲရစ်ဆန်သည် ဥရောပ၏ အလားအလာ အကောင်းဆုံး၊ ပါရမီ အပြည့်ဝဆုံး သွေးသစ် လူငယ် ကစားသမားလေး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ၎င်းသည် ဘ၀တစ်လျှောက် ပထမဆုံး ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲကို လက်ရွေးစင် အသင်းနှင့် အတူ ပါဝင် ဆင်နွှဲလျှက် ရှိသည်။
အေဂျက်စ်တွင် ဆက်ရှိနေမည့် အဲရစ်ခ်ဆန်

အသက်(၂၀)သာ ရှိသေးသော အဲရစ်ခ်ဆန်ကို မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာ၊ တော့တင်ဟမ် ဟော့စပါးနှင့် ရိုးမားတို့ အပါအ၀င် ကလပ်အသင်း အမြောက်အမြားက အလို ရှိနေသည်။ အဲရစ်ခ်ဆန် ကိုယ်တိုင်ကမူ ၎င်း၏ ခြေစွမ်းကို အေဂျက်စ်နှင့် အတူ အနည်းဆုံး တစ်နှစ်မျှ ဆက်ကစားရင်း မြှင့်တင်သွားရန် စိတ်ကူးထားကြောင်း သိရသည်။ "ကျွန်တော့်အတွက် အကောင်းဆုံး အရာ တစ်ခုကတော့ အေဂျက်စ်နဲ့ အတူ နောက်တစ်နှစ်လောက် ဆက်ကစားဖို့ပါပဲ။ ကျွန်တော် ခုလိုပဲ တွေးထားမိတယ်" ဟု အဲရစ်ခ်ဆန်က Goal.com သို့ ပြောကြားခဲ့သည်။

လက်ရှိ အနေအထားအရ ကျွန်တော်ဟာ ပွဲများများ ကစားပြီး ခြေစွမ်း တိုးတက်လာဖို့ လိုအပ်နေဆဲပါ။ ခြေလှမ်းကျယ်ကျယ် လှမ်းပြီး အမှားတစ်ခု ကျူးလွန်မိတာမျိုး မဖြစ်ဖို့ လိုပါတယ်...
၎င်းက "လက်ရှိ အနေအထား အရ ကျွန်တော်ဟာ ပွဲများများ ကစားပြီး ခြေစွမ်း တိုးတက်လာဖို့ လိုအပ် နေဆဲပါ။ ခြေလှမ်းကျယ်ကျယ် လှမ်းပြီး အမှားတစ်ခု ကျူးလွန်မိတာမျိုး မဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်က ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေလို ဥရောပ ထိပ်သီး ပြိုင်ပွဲတစ်ခုခုမှာ ကစားချင်ပါတယ်။ ဒါပေမဲ့ လောလောဆယ် အချိန်မတန်သေးပါဘူး။ ကျွန်တော့်အသက် (၂၀)ပဲ ရှိသေးတယ်။ အေဂျက်စ် အသင်းခေါင်းဆောင် ဂျန်ဗာတိုဂန် ဆိုရင်လည်း အေဂျက်စ်က ထွက်ခွာဖို့အတွက် အသင့်တော်ဆုံး အချိန်ထိ စောင့်ခဲ့ပါတယ်။ သူက ကျွန်တော် အသင်းမှာ တစ်ရာသီလောက် ထပ်ကစားသင့်တယ်လို့ အကြံပေးပါတယ်။ ဒါကို ကျွန်တော်ကလည်း လက်ခံပါတယ်" ဟု ပြောဆို သွားခဲ့သည်။

Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )