22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

Hat-Trick ရှင် မက်ဆီအား ချီးကျူးလိုက်သည့် အာဂျင်တီးနား နည်းပြ

အာဂျင်တီးနား အသင်း၏ နည်းပြဖြစ်သူ အလက်ဂျန်ဒရို ဆာဘယ်လာက လီယွန်နယ်လ် မက်ဆီ၏ Hat-Trickနှင့် ပတ်သက်ပြီး ချီးကျူးစကား ပြောကြားလိုက်သည်။

လက်ရွေးစင် အသင်းတွင် ခြေစွမ်း ပျောက်ဆုံးလေ့ ရှိသည်ဟု ဝေဖန်ခံရသော ဘာစီလိုနာ တိုက်စစ်ကြယ်ပွင့်သည် မဟာပြိုင်ဘက်ကြီး ဘရာဇီးလ်အား စနေနေ့က (၃)ဂိုးသွင်းယူကာ အာဂျင်တီးနားကို အနိုင်ရရှိစေခဲ့သည်။ ခြေစမ်းပွဲ အဖြစ် ရင်ဆိုင် ကစားရာတွင် ဘရာဇီးလ် ခံစစ်ကြောင်းကို အချိန်ပြည့် ခြိမ်းခြောက်ကာ အာဂျင်တီးနား တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့သည့် မက်ဆီအား မိမိ မချီးကျူးဘဲ မနေနိုင်ကြောင်း ဆာဘယ်လာက ၀န်ခံခဲ့သည်။ ဆာဘယ်လာက အာဂျင်တီးနား အသင်းသည် မက်ဆီကဲ့သို့ ဘုရားပေးသော ဆုလာဘ် ကစားသမား တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ကံကောင်းလွန်းကြောင်းလည်း ညွှန်းဆိုခဲ့သည်။
ဘရာဇီးနှင့် ပွဲတွင် ခြေစွမ်းပြခဲ့သည့် မက်ဆီ

ဆာဘယ်လာက "ဒါဟာ ရှားပါးတဲ့ အခိုက်အတန့် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မက်ဆီဟာ အာဂျင်တီးနားသား ဖြစ်နေတာ သိပ်ကို ကံကောင်း လွန်းပါတယ်။ ဒီအတွက် ကျွန်တော်တို့ အရမ်း ကြည်နူးမိတယ်"ဟု ဆိုသည်။ ၎င်းက "မက်ဆီဟာ မျှော်မှန်းလို့ မရအောင် ပါရမီ ပြည့်ဝသူ တစ်ယောက်ပါ။ အာဂျင်တီးနားဟာ ဘာစီလိုနာရဲ့ ကစားဟန်ကို မကျင့်သုံးပါဘူး။ ကျွန်တော်တို့ဟာ ပိုပြီး ကျဉ်းမြောင်းတဲ့ ကစားဟန်နဲ့ ပွဲကို ချဉ်းကပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီဟာ သူ့ရဲ့ အရည်အသွေး အားလုံးကို အမြင့်မားဆုံး ထုတ်ပြ သွားနိုင်တဲ့ အတွက် ချီးကျူး သင့်ပါတယ်" ဟုလည်း ပြောဆိုသွားသည်။

မက်ဆီဟာ မျှော်မှန်းလို့ မရအောင် ပါရမီ ပြည့်ဝသူ တစ်ယောက်ပါ။ အာဂျင်တီးနားဟာ ဘာစီလိုနာရဲ့ ကစားဟန်ကို မကျင့်သုံးပါဘူး။ ကျွန်တော်တို့ဟာ ပိုပြီး ကျဉ်းမြောင်းတဲ့ ကစားဟန်နဲ့ ပွဲကို ချဉ်းကပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီဟာ သူ့ရဲ့ အရည်အသွေး အားလုံးကို အမြင့်မားဆုံး ထုတ်ပြသွားနိုင်တဲ့ အတွက် ချီးကျူး သင့်ပါတယ်...
ဆာဘယ်လာက ဘရာဇီးလ်ကို အနိုင် ကစားနိုင်ခြင်း အပေါ် ကျေနပ်ကြောင်းလည်း ဆိုသည်။ "ဘရာဇီးလ်လို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရာမှာ ပွဲကို ထိန်းချုပ်ထားဖို့ ဆိုတာ ခက်ခဲလွန်းပါတယ်။ ဘရာဇီးလ်ရဲ့ တိုက်စစ်ဟာ သိပ်ကောင်းတာကြောင့် ကျွန်တော်တို့ အသင်း ခံစစ်ကို အာရုံ စိုက်ခဲ့ရတယ်။ နိုင်ပွဲကြောင့် ကျေနပ်မိပေမယ့် ကျွန်တော်တို့အသင်း (၃)ဂိုးထိ ပေးခဲ့ရတာကိုတော့ သတိ ထားရမှာပါ။ အသင်းရဲ့ တိုက်စစ်၊ ခံစစ် ဟန်ချက်ကို ဒီထက်ပိုပြီး တည်ငြိမ်စေချင်သေးတယ်"ဟု အာဂျင်တီးနား နည်းပြက မှတ်ချက်ပြုသွားသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )