22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 22, 2012

မဘိန်းမြို့နယ် ဘဟဲကျေးရွာရှိ စာသင်သား(၂၀) ကျော်အတွက် ကျောင်းဆောင် အခက်အခဲရှိနေ

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မဘိန်းမြို့နယ် ဘဟဲကျေးရွာမှ မူလတန်းကျောင်းခွဲတစ်ခုဖြစ်သည့် ဘုန်းတော်ကြီးသင် တောရ ပညာရေးကျောင်းမှ စာသင်ကျောင်းသာလေးများမှာ ပညာဆက်လက်သင်ကြားရန် စာသင်ကျောင်းဆောင်အခက်အခဲ ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။

“အ-ဘ-ရ သုခဘုန်းတော်ကြီးသင် စာသင်ကျောင်းဆိုရင် ကျောင်းဆောက်ဖို့ အခက်အခဲဖြစ်နေတာ အခုထိပါပဲ”ဟု ဒေသခံ ကိုထွန်းကြိုင်က ပြောသည်။

ဘဟဲကျေးရွာတွင် ပညာသင်ကြားနေသော စာသင်ကျောင်းသားလေးများအနေဖြင့် ငါးအိုးရှိဘုန်းတော်ကြီးသင်  ကျောင်းသို့   ကျောင်းသွားတက်ရန်ခရီးကွာဝေးလွန်းသဖြင့် ရွာတွင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျောင်းဆောင်ဆောက်လုပ်၍ ပညာသင်ကြားခွင့်ရပါက ကလေးများ၏ ပညာရေးအတွက် စိတ်အေးရမည်ဖြစ်ကြောင်း ကျောင်းတည်ထောင်သူက ဆိုသည်။

 ‘‘ဘုန်းတော်ကြီးသင်ကျောင်းက အခုထိကို ဆောက်လို့မပြီးသေးဘူး။ ကျောင်းသားတွေကို ဘုန်းကြီးကျောင်းဝင်းမှာပဲ အမိုးအကာမရှိတဲ့ မိုးမလုံလေမလုံ အဆောက်အအုံမှာပဲ စာသင်နေရတယ်။ ကျောင်းကို ဘုန်းတော်ကြီးသင်ကျောင်းအဖြစ်   လျှောက်တာ ခွင့်ပြုချက်မရဘူး၊” ဟု စာသင်ကျောင်းတည်ထောင်သူ ကိုထွန်းထွန်းဝင်းကပြောသည်။

အ-ဘ-ရ သုခ ဘုန်းတော်ကြီးသင်ကျောင်းအား ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင်  ဘသန္တဇောတိကဓမ္မာစရိယ ဆရာ တော် ဘုရားကြီးနှင့် ဒေသခံ စေတနာရှင် ကိုထွန်းထွန်းဝင်းတို့မှ ပူးပေါင်းဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင်ကိုရင် (၂၃)ပါးနှင့် သီလရှင်(၂)ပါးကို ပညာသင်ကြားပေးလျှက်ရှိသည်။

အဆိုပါ အ-ဘ-ရ သုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် အစိုးရခွင့်ပြုချက်ရ ဘုန်းတော်ကြီးသင်မူလတန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိရန် လားရှိုးမြို့ သာသနာရေးဝန်ကြီးဌာနသို့  လျှောက်ထားခဲ့သော်လည်း လက်ရှိအချိန်အထိ ခွင့်ပြုချက် မရရှိသေးကြောင်းကိုလည်း သိရှိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မဘိန်းမြို့နယ်ရှိ ဘဟဲကျေးရွာသို့ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကူးတို့ရွာမှတစ်ဆင့် ဆိုင်ကယ်ဖြင့် (၈)မိုင်ခန် သွားရသော ဝေးလံခေါင်သီသော ကျေးရွာကြီးတစ်ရွာဖြစ်သည်။

အဆိုပါ ဘဟဲကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးမှု အားနည်းချက်ကြောင့် စာကြည့်တိုက်အတွက် စာအုပ်လိုအပ်ချက် များလည်းရှိနေကြောင်း သိရှိရသည်။

‘‘ ကျွန်တော်တို့ ဘဟဲရွာမှာ စေတနာရှင်တွေက ကျေးရွာဖွံ့ဖြိုးဖို့အတွက် လှူထားတဲ့ စာကြည့်တိုက်ရှိတယ်။ ဒါပေမယ့် စာကြည့်တိုက်မှာ စာအုပ်မရှိဘူး။ စာအုပ်လှူမယ့် အလှူရှင်တွေ လိုအပ်နေပါတယ်”ဟု ကျေးရွာစာကြည့်တိုက်မှူးက ဆိုသည်။

ဘဟဲကျေးရွာစာကြည့်တိုက်အတွက် စာအုပ်လှူဒန်းလိုသူများအနေဖြင့် ၀၉-၄၇၃၀၉၇၉၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ကြယ်စင်(မြစ်မခ)
by Myit Makha Mediagroup
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )