ဟွဏ်းဘီးလ်။ ။ ချင်းပြည်နယ်ကို ကိုယ်စားပြုတဲ့ ချင်းပါတီတွေအားလုံး တစ်ပါတီ တည်းဖြစ်ရေးအတွက် ပေါင်းစည်းရေးကော်မတီဖွဲ့ပြီး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ချင်းတိုးတက်ရေးပါတီခေါင်းဆောင် ဦးလျှံကြယ်က ပြောပါတယ်။ လက်ရှိချင်းပြည်နယ်မှာ ချင်းပါတီ (၃)ခု ရှိပါတယ်။ အဲဒီပါတီတွေကတော့ ဦးဇိုဇမ် ခေါင်းဆောင်တဲ့ချင်းအမျိုးသားပါတီ၊ ဦးလျှံကြယ် ဦးဆောင်တဲ့ ချင်းတိုးတက်ရေးပါတီနဲ့ နောက်ချင်းပြည်နယ်ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ချင်းအမျိုးသားပါတီက အမတ်နေရာ (၉)နေရာ၊ ချင်းတိုးတက်ရေးပါတီက အမတ်နေရာ (၁၁) နေရာနဲ့ တိုင်းရင်းသား လူမျိုးစုများဖွံ့ဖြိုးရေးပါတီက အမတ်နေရာ (၁) နေရာ အသီးသီး အနိုင်ရရှိခဲ့ပါတယ်။ Ref: DVB
11:14 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com