“ဥပဒေတွေ လည်း ပြောင်းပြောင်းနေတော့ အခုလည်း သက်တမ်း ၂၀ ကျော် ကားတွေ မထားတော့ဘူးဆိုပြီး သတင်းတွေထွက်နေတော့ 90 Model အောက် ကားပိုင်ရှင်တွေ အမြန် ရောင်းနေကြတယ်။ ကြိုက်ရောင်း ကြိုက်ဝယ်နဲ့ အရှုံးခံပြီး ရောင်းနေကြတယ်။ သတင်းတွေက အမျိုးမျိုးထွက်နေတော့ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး ဖြစ်နေတယ်” ဟု ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းမှ ဝါရင့်ကားဝယ်ရောင်းတစ်ဦးက ပြောကြားသည်။ ထိုသက်တမ်း ၂၀ ကျော် ကားများ သိမ်းဆည်းမည့် သတင်းကြောင့် ကားများ ပြန်လည်ရောင်းချနေပြီး အခြားမော်ဒယ်မြင့် ကားများမှာလည်း ပါမစ်မလိုဘဲ တင်သွင်းနိုင်သော စနစ်ကြောင့် ဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းနေကြောင်း ထိုသို့ဈေးနှုန်းများ ကျဆင်းနေသော်လည်း အရှုံးခံ ရောင်းချနေရကြောင်း၊ အရှုံးခံ ရောင်းချရခြင်းမှာလည်း ထပ်မံ တင်သွင်းထားသည့် ကားများ ဆိပ်ကမ်းတွင် ရောက်ရှိနေပြီး ငွေမရှိသောကြောင့် ရောင်းချရခြင်းဖြစ်ကြောင်း၊ ယခင် ကျောင်းဖွင့်ရာသီတွင် ကားများ အရောင်းအဝယ် ကောင်းခဲ့သော်လည်း ယခုနှစ်တွင် အရောင်းအဝယ် အေးလျက်ရှိပြီး ဟံသာဝတီ ဝင်းအတွင်း၌ နေ့စဉ် တစ်နေ့လျှင် ကားအစီးရေ ဆယ်ဂဏန်းခန့်ပင် ရောင်းချနေကြရကြောင်း သိရသည်။
Monday, June 11, 2012
ကားစလစ်ပေါက်ဈေး ထိုးကျ လာသော်လည်း ဝယ်သူမရှိ
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
3:50 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com