22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 22, 2012

ဗြိတိန် အိမ်ရှေ့ မင်းသားနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့


 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဉ် အဆင့်အမြင့်ဆုံး နိုင်ငံရေးတွေ့ဆုံခွင့် တခုအဖြစ် အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နှင့် ဇနီး ကမီလာတို့အား လန်ဒန်မြို့ ကလီရင့်စံအိမ်၌ ဇွန်လ ၂၁ ရက်နေ့က တွေ့ဆုံခွင့် ရခဲ့သည်။

Range Rover ကားပေါ်မှ ဒေါ်အောင်ဆန်းစုကြည် ဆင်းလာစဉ် တော်ဝင်ဇနီးမောင်နှံက ကလီရင့်လှေကားမှ
စောင့်ကြိုနေကြပြီး အိမ်ရှေ့စံ မင်းသားက လက်ဆွဲနှုတ်ဆက်ကာ ပဋိသန္ဓာရစကား အနည်းငယ်ပြောဆိုပြီး မြို့စားကတော်ကြီးက စံအိမ်တွင်းဖိတ်ခေါ်ကာ ဝင်ရောက်သွားကြသည်ဟု ဗြိတိန်သတင်းဌာနများက ရေးသား
ကြသည်။

သုံးဦးသား မိနစ် ၄ဝ ကြာ ပြောဆိုဆွေးနွေးမှုနှင့် ပတ်သက်၍ စံအိမ်မှ တစုံတရာ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မြန်မာပြည် ဒီမိုကရေစီအရေး ချီတက်မှုများ ပြောဆိုဖြစ်ကြမည်ဟု ဗြိတိန်သတင်းစာများက ခန့်မှန်းသည်။

ထို့နောက် အနက်ရောင် ကျုလစ် တံတိုင်းမွှေးပင်ပျိုးလေးများရှိရာ ကလီရင့် ဥယျာဉ်တော်ထဲသို့ လမ်းလျှောက်ကာ ပန်းပင်လေးများ စိုက်ပျိုးခဲ့ကြသေးသည်။

ထိုသို့ တော်ဝင်မောင်နှံနှင့် မတွေ့ဆုံမီ ဗြိတိသျှ နန်းရင်းဝန်အား ဒေါင်းနင်းလမ်း နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့သေးသည်။

ကမ္ဘာ့သမိုင်းဝင် အိမ်နံပါတ် ၁ဝ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလို တွေ့ဆုံ ခွင့်ရခြင်းမှာ “မျှော်လင့်ရခဲ မျှော်လင့်ချက် နည်းနည်းသာ ထားခဲ့ပေမယ့် တကယ့် ကြီးမြတ်တဲ့ အခိုက်အတံ့ပါပဲ” ဟု ဝန်ကြီးချုပ် ကင်မရွန်းက ပြောဆိုခဲ့သည်။

“ဒီနှစ်တွေအတွင်းမှာ ခင်ဗျားဟာဖြင့် သူရသတ္တိရဲ့သင်္ကေတ ဖြစ်ခဲ့ပြီး ကျနော်တို့ပြည်သူတွေ၊ ခင်ဗျားရဲ့ပြည်သူတွေနဲ့ တကမ္ဘာလုံးက ပြည်သူတွေအတွက် မျှော်လင့်ချက် ဖြစ်ပါတယ်” ဟု ဒေးဗစ်ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးပြောဆိုလိုက်သည်။

ဒေါင်းနင်းလမ်း၊ အိမ်အမှတ် ၁ဝ သည် ၁၉၄၇ ခုနှစ်က မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှ ကိုလိုနီအစိုးရအား အရေးဆိုရန် ရောက်လာသည့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် နန်းရင်းဝန် မစ္စတာအတ်တလီတို့ လွတ်လပ်ရေး စာချုပ်ချုပ်ဆိုခဲ့ကြသည့် သမိုင်းဝင် အိမ်ယာလည်း ဖြစ်သည်။

“မြန်မာပြည်ရဲ့ ထွက်ပေါ်လာတဲ့ ဒီမိုကရေစီကို အားဖြည့်ဖို့အတွက် ကျနော်တို့ မြှုပ်နှံမှာပါ။ တိုင်းရင်းသား ပဋိပက္ခ
တွေကို ဖြေရှင်းရမှာပါ။ အရေးပေါ် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းအတွက် ကျနော်တို့ ပေါင်စတာလင် သုံးသန်း
မြှုပ်နှံထားပါတယ်။ မြန်မာပြည်သူအားလုံးအတွက် စီးပွားရေးအနာဂတ်တခု ကျနော်တို့ တည်ဆောက်ကြရပါလိမ့်မယ်” ဟု ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ကင်မရွန်းက ပြောဆိုလိုက်သည်။

ထို့နောက် ဗြိတိန် လွှတ်တော်နှစ်ရပ် ပူးတွဲညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခွင့် ရမည်ဖြစ်ပြီး ဤသည်မှာ အစိုးရခေါင်းဆောင်တဦးမဟုတ်ဘဲ ဗြိတိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားခွင့်ရသည့် ရှားပါးအခွင့်အရေး တခုပင် ဖြစ်သည်။

မဇ္ဈိမသတင်းဌာန


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )