22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

ပါကစ္စတန်က နျူထိပ်ဖူးတပ်ဒုံးကျည် ငါးကြိမ်မြောက် စမ်းသပ်ပစ်လွှတ်

 
ပါကစ္စတန်သည် ဇွန်လ ၅ ရက်နေ့က နျူကလီးယားထိပ်ဖူး တပ်ဆင်ထားသော တာဝေးပစ် ဒုံးကျည်သစ်တစ်မျိုးအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယက တာဝေးပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် သီတင်းပတ် ခြောက်ပတ်အတွင်း ပါကစ္စတန်က တာဝေးပစ် ဒုံးကျည်ပစ်လွှတ်မှုကို ယခုအကြိမ်ပါဆိုလျှင် ငါးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ငါးကြိမ်မြောက်ပစ်လွှတ်ခဲ့သော နျူထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည် Hatf VII မှာ ခရုဇ်ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၇၀၀ (မိုင် ၄၄၀) အထိရောက်အောင် ပစ်လွှတ်နိုင်ကာ သမားရိုးကျလက်နက်များကိုလည်း တပ်ဆင်ပစ်ခတ်နိုင်ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့ သည်။

ယင်းခရုဇ်ဒုံးကျည်သည် စွမ်းဆောင်ရည်မြင့်မားပြီး မြေပြင်မှ အနိမ့်ပျံသန်းနိုင်စွမ်းရှိကာ ပစ်မှတ် အလွန်တိကျခြင်းနှင့် ရေဒါများပေါ်တွင် မပေါ်နိုင်ခြင်းစသည့် စွမ်းဆောင်ရည်များရှိကြောင်း သိရသည်။

အိန္ဒိယသည်  ၎င်း၏ ပြိုင်ဘက် တရုတ်နိုင်ငံ၏ မည်သည့်နေရာကိုမဆို ရောက်အောင်ပစ်လွှတ်နိုင်သော တစ်တန်အလေးချိန်ရှိ နျူကလီးယား ထိပ်ဖူးတပ် Agni V  အမည်ရတာ ဝေးပစ်ဒုံးကျည်တစ်ခုအား ဧပြီလ ၂၀ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ် လွှတ်နိုင်ခဲ့ရာ ၎င်းတို့စစ်တပ်၏ နည်းပညာမြင့်မားလာမှုကို ပြသနိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးနောက်ပိုင်း ဧပြီလ ၂၅ ရက်မှစ၍ ပါကစ္စတန်သည် နျူထိပ်ဖူးတပ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရသည့် ၁၉၄၇ ခုနှစ်နောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်သည် စစ်ပွဲ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ၁၉၉၈ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံစလုံးက နျူကလီးယား ဒုံးကျည်များ၊ လက်နက်များ ပစ်လွှတ်စမ်းသပ်မှုများကို အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံသည် အိမ်နီးချင်းအိန္ဒိယနှင့် ပြိုင်ဆိုင်ရန်သာ အဓိက စိတ်အားထက်သန်လျက်ရှိသော်လည်း အိန္ဒိယနိုင်ငံမှာမူ ကမ္ဘာ့စင်မြင့်တွင် သြဇာကြီးမားလာသော တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် အရေးပါမှုများကိုသာ အဓိကထား အာရုံစိုက်လာကြောင်း ကာကွယ်ရေး သုတေသီများက  သုံးသပ်ခဲ့ကြ သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )