22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

ငွေကျပ် ၁ သောင်းတန်ကြောင့် တရုတ်နယ်စပ်တွင် မြန်မာငွေလဲနှုန်း ကျဆင်း

လာမည့် ၁၅ ရက်နေ့တွင် တစ်သောင်းတန် မြန်မာငွေစက္ကူများ စတင်ထုတ်ဝေမည်ဟု ယမန်နေ့က သတင်းကြေငြာချက် ထုတ်ပြန်အပြီး တရုတ် - မြန်မာနယ်စပ် ငွေလဲဈေးကွက်၌ မြန်မာကျပ်ငွေဈေး ရုတ်တရက် ကျဆင်းသွားကြောင်း သိရသည် ။
သတင်းဝက်ပ်ဆိုက်များနှင့် Facebook များ၌တွေ့ရသော တစ်သောင်းတန် မြန်မာငွေစက္ကူပုံ
သတင်းဝက်ပ်ဆိုက်များနှင့် Facebook များ၌တွေ့ရသော တစ်သောင်းတန် မြန်မာငွေစက္ကူပုံ
ငွေလဲဈေးကွက်အတွင်း မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ်  ၇.၇ ယွမ်နှုန်းဖြင့် လဲလှယ်နေရာမှ သတင်းထုတ်ပြန်အပြီး ကျပ် ၁၀၀ လျှင် ၇.၅  ယွမ် အထိကျဆင်းသွားကြောင်း တရုတ်နှင့်မြန်မာ ငွေလဲလှယ်နေသူ  ကုန်သည်တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။

“လောလောဆယ် တစ်သောင်းတန်တွေထုတ်မယ်ဆိုတာ ဟော့ဖြစ်နေတာပေါ့ ။ မြန်မာငွေဈေးတွေ လည်း ကျသွားတယ်။  ဒါ မဖြစ်ခင်က ကျပ် ၁၀၀ ကို ၇.၇  ယွမ်ဈေး ပေါက်နေတာ။ ဒီမနက်ပိုင်း ၁၀၀ ကို ၇.၅ ယွမ်အထိ ကျသွားတယ်။ နေ့လည် ပိုင်း တော့ ၇.၅၈ အထိ နည်းနည်း ပြန်တက်လာတယ် ” ဟု သူက ဆိုသည် ။

လက်ရှိပေါက်ဈေးအရဆိုလျှင် ယခင်ထက် ကျပ် တစ်သိန်းလျှင် တရုတ်ယွမ်ငွေ ၁၂ ယွမ်ခန့် နှင့် မြန်မာငွေဖြင့် ကျပ် ၁၅၀၀ ခန့် ဈေးထိုးကျသွားကြောင်း သိရသည် ။

ယခုကဲ့သို့ ငွေလဲလှယ်ဈေးနှုန်းကျဆင်းသွားသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ တုန့်ဆိုင်း သွားဖွယ်ရှိကြောင်း စောစောက ကုန်သည်က ဆက်ပြောသည် ။

“အခု တရုတ် - မြန်မာနယ်စပ်မှာ အရောင်းအဝယ်က အကောင်းကြီးလည်းမဟုတ်ဘူး ၊ အဆိုးကြီးလည်း မဟုတ်ဘူး။ လုပ် တော့ လုပ်နေကြတာပဲ။ လောလောဆယ်ငွေဈေးတွေ ကျနေသွားတယ်ဆိုတော့ တက်လာမဲ့ကုန်သည်တွေလည်း ချက်ခြင်း တက်လာတော့မှာ မဟုတ်ဘူး။ အရောင်းအဝယ်အေးသွားမဲ့ သဘောတော့ရှိတယ် ” ဟု ဆိုသည် ။

အဆိုပါသတင်းထုတ်ပြန်ချက်အရ တစ်သောင်းတန်ငွေစက္ကူ၏ အရွယ်အစားမှာ ၁၅ × ၇ စင်တီမီတာ ရှိပြီး ပေါ်လွင်ထင် ရှားသော အရောင်မှာ အပြာရောင် ဖြစ်ကြောင်း သိရသည် ။

ငွေစက္ကူအလယ်ဗဟိုတွင် နိုင်ငံတော်မြေပုံနှင့် ၎င်းကို သပြေခက်နှစ်ခက်ဝိုင်းရံထားပြီး မျက်နှာချင်း ဆိုင်တွင် ဆင်ဖြူတော် နှစ်စင်း နှင့်ကြာဖြူနှစ်ပွင့် ရိုက်နှိပ်ထားမည်ဟု ဖေါ်ပြထားသည် ။

လက်ရှိ သုံးစွဲနေသည့် ငွေစက္ကူနှင့် အကြွေစေ့များကို တရားဝင်ဆက်လက်သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည် ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )