22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

ချယ်လ်ဆီးမှ ထွက်ခွာကာ ခရူဇီယိုသို့ ပြန်ကစား လိုကြောင်း ရာမီရက်စ်ဆို

ယခုရာသီ ချယ်လ်ဆီး ပရိသတ် အချစ်တော် သူရဲကောင်း တစ်ဦးအဖြစ် ရပ်တည် လာနိုင်သော်လည်း အသင်းမှ ထွက်ခွာနိုင်ဖွယ် ရှိနေကြောင်း ရာမီရက်စ်က အံ့အားသင့်ဖွယ် ထုတ်ဖော် ပြောဆိုလိုက်သည်။

ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ် ကစားသမားသည် (၂၀၁၀)ပြည့်နှစ်၊ ဩဂုတ်လက ပေါ်တူဂီကလပ် ဘင်ဖီကာမှ စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ပေါင်စတာလင် (၁၇)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ရာမီရက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ချယ်လ်ဆီးအသင်း ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးရယူရာတွင် အဓိက အကျဆုံး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ၎င်းသည် တစ်ချိန်က ကစားဖူးသော ကလပ်ဟောင်း ခရူဇီယိုသို့ ပြန်ရန် စဉ်းစားနေကြောင်း ဖွင့်ဟခဲ့သည်။
ချယ်လ်ဆီးမှ ထွက်ခွာဖွယ် ရှိသည့် ရာမီရက်စ်

အသက်(၂၅)နှစ်ရှိ ကွင်းလယ်တိုက်စစ် ကစားသမားက "တကယ်လို့ ခရူဇီယိုက ကျွန်တော့်ကို စိတ်ဝင်စားလာပြီ ဆိုရင် ကျွန်တော်လည်း အသင်းကို ပြန်သွားဖို့ အများကြီး ဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်ကိုယ်တိုင် ချမှတ်နိုင်တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူးပေါ့။ နောက်ထပ် ခက်ခဲတာ တစ်ခုကတော့ ကျွန်တော့်အတွက် သတ်မှတ်ထားတဲ့ ငွေကြေး တန်ဖိုးက သိပ်မြင့်မားလွန်းတယ်။ ခရူဇီယိုက ဒီငွေကြေးကို ပေးနိုင်တယ် ဆိုရင်တော့ ကျွန်တော် သေချာပေါက် ပြန်သွားမှာပါ။ ကျွန်တော် ခရူဇီယိုမှာ ပျော်ရွှင်ခဲ့ပါတယ်။ အဲဒီမှာ ကစားရင်း ကျွန်တော် ဥရောပမှာ ကစားသမား ဘ၀တစ်ခု ထူထောင်နိုင်ဖို့ အခွင့်အလမ်းမျိုး ရခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ကျွန်တော့်အတွက် သတ်မှတ်ထားတဲ့ ငွေကြေး တန်ဖိုးက သိပ်မြင့်မားလွန်းတယ်။ ခရူဇီယိုက ဒီငွေကြေးကို ပေးနိုင်တယ် ဆိုရင်တော့ ကျွန်တော် သေချာပေါက် ပြန်သွားမှာပါ...
၎င်းက မွေးရပ်နိုင်ငံမှ ကလပ်အသင်း အပေါ် သံယောဇဉ် မကုန်သေးကြောင်းလည်း ၀န်ခံခဲ့သည်။ "သူတို့ကစားနေတဲ့ ပွဲစဉ်တွေ အကြောင်း ကျွန်တော် အင်တာနက်မှာ လိုက်ရှာ နေမိတုန်းပါ။ ကျွန်တော် ခရူဇီယို ပရိသတ်ကို သတိရမိတယ်။ သူတို့က ရာမီရက်စ်ဟာ သူရဲကောင်းလို့ သတ်မှတ်ကြတယ်။ ကျွန်တော် ခရူဇီယိုအတွက် ကစားပေးခဲ့တဲ့ မှတ်တမ်း ဗီဒီယိုတွေကို သိမ်းထားဆဲပါ။ ချယ်လ်ဆီး ကစားသမား ဘ၀ အစပိုင်းမှာ အခက်အခဲတွေ ကြုံလာတော့ အဲဒီ ဗီဒီယိုတွေကို ပြန်ကြည့်ပြီး ကျွန်တော့် စိတ်ဓာတ်ကို ပြန်မြှင့် တင်ခဲ့ရပါတယ်" ဟုလည်း ရာမီရက်စ်က ပြောဆိုသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )