22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

ဒီမက်တီယို ချယ်လ်ဆီး မန်နေဂျာ ဖြစ်လာရန် သေချာသလောက် ရှိလာ

ချယ်လ်ဆီး အသင်းသည် ရောဘတ်တို ဒီမက်တီယိုအား မန်နေဂျာ အဖြစ် အတည်ပြု ခန့်အပ်ရန် သေချာသလောက် ရှိနေပြီဟု သိရှိရသည်။

လန်ဒန်ကလပ် အသင်းအား ပြီးခဲ့သည့် ဘောလုံးရာသီက ယာယီ မန်နေဂျာ အဖြစ် တာဝန် ယူခဲ့ပြီးနောက် FAဖလားနှင့် အသင်း၏ သမိုင်းကြောင်းတစ်လျှောက် တစ်ကြိမ်မျှ မရယူဖူးသည့် ချန်ပီယံလိဂ် ဆုဖလားများကို ပိုင်ဆိုင်စေခဲ့သည့်နောက် ဒီမက်တီယိုသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျကို တရားဝင် ကိုင်တွယ် ဦးဆောင်နိုင်ရန် အနီးစပ်ဆုံး ဖြစ်လာသည်။ အီတလီသား ဒီမက်တီယိုသည် အစောပိုင်းက လာမည့်ရာသီ ချယ်လ်ဆီး မန်နေဂျာအဖြစ် ဆက်ရှိမရှိ မရေမရာ ဖြစ်နေခဲ့သော်လည်း ယခုအခါ ကလပ် အသင်းနှင့် ၎င်းတို့ကြား ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပြီး အပြီးသတ် သဘော တူညီမှု ရရှိထားကြောင်း သိရသည်။

ချယ်လ်ဆီးသည် ဒီမက်တီယိုအား မန်နေဂျာအဖြစ် ခန့်အပ်ကြောင်း တရားဝင် မကြေညာသေးသော်လည်း ကိစ္စအားလုံး ပြီးမြောက်လုနီးပါး ရှိနေပြီဟု သတင်းများက ဆို...
ချယ်လ်ဆီးသည် ဒီမက်တီယိုအား မန်နေဂျာအဖြစ် ခန့်အပ်ကြောင်း တရားဝင် မကြေညာသေးသော်လည်း ကိစ္စအားလုံး ပြီးမြောက်လုနီးပါး ရှိနေပြီဟု သတင်းများက ဆိုသည်။ The Sun၏ အဆိုအရ ဒီမက်တီယိုသည် ချယ်လ်ဆီးကို ကိုင်တွယ်ရန် အတွက် (၂)နှစ် သက်တမ်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုးမည်ဟု သိရှိရသည်။ ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ဒီမက်တီယို၏ ဦးဆောင်မှု စွမ်းရည်ကို ကိုယ်တိုင် သဘော ကျနေသလို ကစားသမားများ၊ ပရိသတ်များ၏ ထောက်ခံ အားပေးမှုကလည်း ဒီမက်တီယိုအား စာချုပ်စေရန် တွန်းအား တစ်ရပ် ဖြစ်လာစေကြောင်း သတင်းများက ဖော်ပြ သွားခဲ့သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )