ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီက သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။
ယူနန်ပြည်နယ်ထဲက ကချင် စစ်ပြေးဒုက္ခသည်တွေ တစ်သောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာ အကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း၊ တရုတ်အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးဖို့၊ နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အလားတူ - သတင်းတစ်ရပ်မှာလည်း တရုတ်အာဏာပိုင်တွေဟာ ကချင်ဒုက္ခသည်တချို့ကို အဓမ္မ နှင်ထုတ်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက အခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ပြန်သွားသူတွေဟာ ဒုက္ခသည်တွေ မဟုတ်ဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီ က ငြင်းဆိုပါတယ်။ သူတို့ဟာ ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် တရုတ်ပြည်ဘက်ခြမ်းက ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီက အကူအညီရဖို့ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ပဋိပက္ခတွေ လျော့ပါးသွားတဲ့အခါ ကိုယ့်ဒေသ ကိုယ်ပြန်သွားခဲ့ကြတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
12:48 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com