22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

မအူပင် ကက်သလစ် ကျောင်းတစ် ခုတွင်လူငယ်များ အော့အန်၊ မူးဝေ

မအူပင် ကက်သလစ် ကျောင်းတစ် ခုတွင်လူငယ်များ အော့အန်၊ မူးဝေ ၊ ကိုယ်အပူ ရှိန်တက်၍ အရေးပေါ် ဆေးရုံတင်ရ
---ထိုသို့ဖြစ်ပွားခြင်းမှာ ရာသီတုပ်ကွေးကြောင့်ဖြစ်ကြောင်း မအူပင်မြို့နယ် ဆေးရုံအုပ်ကြီးပြောကြား---

ရန်ကုန်၊ဇွန်-၂၆
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့ပေါ်ရှိ စိန့်ရီတာကက်သလစ် ခရစ်ယာန်ဘုရားကျောင်းနေ ကျောင်းသားကျောင်းသူ ၂၀ခန့်မှာ အော့အန်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်မြင့်တက်လာခြင်းတို့
ဖြစ်ပွား၍ အရေးပေါ်အဖြစ် ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိ သည်။
ဇွန်လ ၂၄ ရက်က ယင်းဘုရားကျောင်းနေ အသက်(၁၆)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် စတင်ဖြစ်ပွားကာ ညတွင်းချင်းပင် အခြားကလေးငယ် ၁၇ယောက်သို့ ကူးစက်ကာ အရေး
ပေါ်အခြေအနေတစ်ရပ်အဖြစ် မအူပင်မြို့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း မအူပင်မြို့နယ်ရှိ လူမှုရေးဆိုင်ရာ လုပ်ငန်းများကို လိုက်လံဆောင် ရွက်နေသူတစ်ဦးက 7Day News သို့ပြောသည်။
ရောဂါဖြစ်ပွားသည့် ကလေးငယ်များမှာ အော့အန်ခြင်း၊၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်များစွာ မြင့်တက်ခြင်း အစရှိသော တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာပုံစံမျိုးကို အများစုခံစားနေရပြီး ရောဂါဖြစ်ပွားသည့် ကလေးငယ်တစ်ဦးချင်းစီမှာ ဖြစ်ပွားသည့် ရောဂါလက္ခဏာပုံစံခြင်း မတူညီ ကြောင်း မအူပင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြော သည်။ အဆိုပါဖြစ်စဉ်၏ အခြေအနေမှန်အား သိရှိစေရန် မအူပင်မြို့နယ် ဆေးရုံအုပ်ကြီးသို့ ၇ီပေ နြတျ မှ ဆက်သွယ်မေးမြန်းရာ ''ရာသီတုပ်ကွေးပါ။ ကလေးတွေက ကိုယ်ပူတယ်၊ ခေါင်းကိုက်တယ်၊ အော့အန်တယ်၊ ၀မ်းသွားကြတယ်၊ စိုးရိမ်ရတဲ့အနေအထား
ကတော့ တစ်ယောက်မှမရှိပါဘူး။ ကျောင်းကဘော်ဒါဆောင်ဆိုတော့ လူများတယ်။ ကူးဖို့ကလွယ်သွားတာပေါ့။ အခုဆေးရုံ က မနက်ဖြန်ဆို ဆင်းနိုင်မယ့် ကလေးတွေတောင်ရှိနေပါပြီ။ လက်ရှိဆေးရုံမှာ ရောဂါဖြစ်ပွားတဲ့ ကလေးအယောက် ၂၀ ရှိပါတယ်''ဟု မအူပင်မြို့နယ် ဆေး ရုံအုပ်ကြီး ဦးထွန်းမြင့်ကပြောသည်။
ခရစ်ယာန်ဘုရားကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၅ ယောက်နေထိုင်ပြီး လက်ရှိ တွင် ကလေး ၆၀ ဦးခန့်တွင် ရောဂါကူးစက်ခံနေရပြီး ၁၇ဦးအား မအူပင်ဆေးရုံတွင် ဆေးကုသ
မှုခံ ယူလျက်ရှိကြောင်း ရောဂါဖြစ်ပွားသည့် စိန့်ရီတာဘုရား ကျောင်းမှ ဖာသာဖောထူးကပြောသည်။
''ကလေးတွေက ဒီဘုရားကျောင်းမှာ ဘော်ဒါသဘောမျိုးနဲ့ လာရောက်နေထိုင်ကြတာပါ။ အများစုက နွမ်းပါးပြီး ဆင်းရဲတဲ့ကလေးတွေကို ဒီကျောင်းက စောင့်ရှောက်နေထိုင်ခွင့်ပြုထားတာပါ။ ရောဂါကို ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ချက်အရ တုပ်ကွေးသဘောမျိုးလို့ ပြောတယ်။ အရင်က ဒီကျောင်းမှာ တစ်ခါမှ မဖြစ် ဖူးဘူး။ ဆေးရုံက တချို့ကလေးတွေလဲ တော်တော်သက်သာလာပါပြီ''ဟု အဆိုပါဖာသာဖောထူးကပင်ပြောသည်။
စိန့်ရီတာကက်သလစ်ဘုရားကျောင်းအား တစ်ပတ်တိတိပိတ်ထားမည်ဖြစ်ပြီး ယင်းကျောင်းအနီးတစ်ဝိုက်ရှိလမ်းများကိုလည်း မသက်ဆိုင်သူများ မ၀င်ရောက်ရန် နှင့် ရောဂါပိုးမကူးစက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် လုံခြုံရေးစောင့်ရှောက်မှုများကိုလည်း
ဆောင်ရွက်ထားကြောင်း မအူပင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
 by 7Day News Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )