22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 2, 2012

အခုအချိန်မှာ သရုပ်ဆောင်အလုပ်ဟာ သူမရဲ့ရပ်တည်မှုတစ်ခုပါလို့ ဆိုတဲ့ အေးမြတ်သူ

 
မေး - အေးမြတ်သူကို ကားရိုက်နဲ့ Model အလုပ်နဲ့ ပြိုင်ပြီး ကမ်းလှမ်းလာရင် အေးမြတ်သူ ဘာကိုရွေးမလဲ။
ဖြေ - သရုပ်ဆောင်က အခုအချိန်မှာ ပိုပြီးတော့ ရပ်တည်မှုဖြစ်နေတာပေါ့။ Model က ကိုယ့်ရဲ့ အသက်အရွယ်နဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း ရှိသေးတယ်။ အဲဒီအတွက် သရုပ်ဆောင်ဘက်ကို ပိုပြီးအလေးထားနေပါတယ်။
မေး - အခုအချိန်မှာ အေးမြတ်သူအဖြစ်ချင်ဆုံး ဆန္ဒကိုပြောပါဆိုရင်…
ဖြေ - အခုရောက်နေတဲ့ နေရာကနေ တစ်ဆင့်ထပ်တက်ချင်ပါတယ်။ ပြီးတော့ တကယ့်ကို ပညာပြည့်စုံတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ပါတယ်။
မေး - ဒီလောကထဲ ရောက်လာချိန်မှာ ဒီအနုပညာလောကကို ဘယ်လိုမြင်လဲ။
ဖြေ - ဒီလောကသားတွေက ပိုပြီးစည်းလုံးကြတယ်။ ချစ်ကြတယ်လို့မြင်ပါတယ်။ အချင်းချင်းဆိုရင် ကူညီဖို့လည်း ဝန်မလေးတတ်ကြဘူး။
မေး - ကားရိုက်တွေများလာတဲ့အခါ ဒရာမာနဲ့ ပတ်သက်ပြီး စိတ်ကိုဘယ်လိုကျင့် ယူလဲ။
ဖြေ - အဓိကတော့ ကိုယ်ကတစ်ကားဆို တစ်ကားပြီးအောင် ရိုက်တယ်။ တစ်ကားရိုက်နေရင် နောက်တစ်ကားရိုက်တယ် ဆိုတာတော့ ရှားပါတယ်။ အဲဒီအတွက် ဒီကားမပြီးမချင်းစိတ်က ဒီကားထဲမှာပဲ ရှိနေတော့ အဆင်ပြေပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )