ဖက်ရှင်ရေစီးကြောင်းမှာ ဒီနေ့လူငယ်တော်တော်များများ စီးမျောနေကြပြီး မိန်းကလေးတွေရဲ့ ဖက်ရှင်ဒီဇိုင်းတီထွင် ဆန်းသစ်မှုတင်မကပဲ ယောက်ျားလေးတွေရဲ့ ဖက်ရှင်ဒီဇိုင်း ဆန်းသစ်မှုတွေကလည်း အလုအယက်နေရာယူလို့ပါပဲ။ ဒါကြောင့်မို့ လှအဉ္စလီတင့်ရဲ့ အနုပညာ လှုပ်ရှားမှုနဲ့ ဖက်ရှင်အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။
မေး - ချောလတ်တလော အနုပညာ လှုပ်ရှားမှုက…
ဖြေ - အခုလက်ရှိ နိုင်းနိုင်းနဲ့ ကားရိုက်နေတယ်။ သီချင်းတွေကတော့ အဆင်ပြေတဲ့ ပွဲလေးတွေပဲ ဆိုဖြစ်တယ်။ မန္တလေးမှာတော့ အငြိမ့်ကဖြစ်တယ်။ ချော အခုနောက်ပိုင်း အရမ်းကြိုးစားပြီး လေ့လာဖြစ်တယ်။ ဘာလို့ဆိုတော့ အခုနောက်ပိုင်းခေတ်ရဲ့ အခြေအနေတွေကြောင့်လည်း ပါတာပေါ့နော်။ ကိုယ်ကလေ့လာမှုတွေ၊ ကြိုးစားအားထုတ်မှုတွေ မလုပ်ဘဲနဲ့ ရပ်နေမယ်ဆို ကျန်ခဲ့မှာလေ။ ဒါကခေတ်ကကို ဖြစ်နေတာ။ အဲဒီအတွက်ချောက အမြဲခေတ်ကို လေ့လာပြီး မျက်ခြည်ပြတ်ခံလို့ မရဘူး ဖြစ်နေတယ်။
မေး - ချောရဲ့ ဖက်ရှင်တွေ အကြောင်း ပြောပါဦး။
ဖြေ - ချောမှာ ဖက်ရှင် ဒီဇိုင်နာတွေ အများကြီးရှိပါတယ်။ အဝတ်အစားရော မိတ်ကပ်သမားက အစပေါ့။ ဒါပေမဲ့ ကိုယ်နဲ့ လိုက်ဖက်တာ ကိုယ်တိုင်လည်း စဉ်းစားရွေးချယ်ပါတယ်။ ဥပမာ ကားရိုက်တွေဆိုရင် ဘယ်လို လိုက်ဖက်မယ်။ ဘယ်လိုမျိုးမှ အဆင်ပြေမယ်ဆိုတာကို ကိုယ့်လောက်တော့ ဘယ်သူမှ ပိုမသိနိုင်ကြပါဘူး။ အဆင်ပြေတယ်ဆိုတာ ကိုယ်ပဲအသိဆုံးပါ။ ကားရိုက်ရင် သဘာဝကျဖို့က အဓိက ကျတယ်လေ။
Ref: Commerce
6:58 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com