မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် နွေရာသီတွင် ဒုတိယမြောက် ကွင်းလယ်အင်အား ဖြည့်ဆည်းမှု တစ်ခု ပြုလုပ်ရန် ရည်ရွယ်နေပြီး တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူ လူကာ မိုဒရစ်ကို ပေါင်စတာလင် (၂၅)သန်းဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရှိရသည်။
ဂျာမန် ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန် အသင်းမှ ဂျပန်လက်ရွေးစင် ရှင်ဂျီကာဂါဝါကို ခေါ်ယူပြီး ဖြစ်သော်လည်း ခရိုအေးရှား လက်ရွေးစင် Playmaker မိုဒရစ်ကိုပါ မန်ယူအသင်းက ချိတ်ဆက်နေခြင်း ဖြစ်သည်။ စပါးအသင်းသည် အသက်(၂၆)နှစ်ရှိ မိုဒရစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၃၂)သန်းမျှ သတ်မှတ်ထားသော်လည်း မန်ယူက ဈေးနှုန်း အတန်ငယ် လျှော့ချပြီး ၀ယ်ယူနိုင်ရန် မျှော်လင့်နေသည်။ စပါးအသင်းသည် လာမည့်ရာသီ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးထားပြီးနောက် အဓိက ကစားသမားများကို ထိန်းသိမ်းထားရန် ခက်ခဲလာခဲ့သည်။ ဖာဂူဆန်က မိုဒရစ် အတွက် ပေါင်စတာလင် (၂၅)သန်း ပေးချေကာ စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင်စတာလင် (၅)သန်း တိုးပေးရန် စပါးထံ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
မန်ယူမှ စိတ်ဝင်စားနေသည့် မိုဒရစ်
ချယ်လ်ဆီး အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက မိုဒရစ်ကို ရရှိရန် အနီးစပ်ဆုံး ဖြစ်ခဲ့သေးသော်လည်း ထိုစဉ်က စပါးအသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းက ကြံ့ကြံ့ခံ တားဆီး ငြင်းဆိုခဲ့သည်။ မန်ယူ အသင်းသည် စပါးအသင်း ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးခဲ့ခြင်းကို အခွင့်ကောင်းယူကာ မိုဒရစ်အား ချဉ်းကပ်နိုင်ရန် မျှော်လင့်နေသည်။ လက်ရှိတွင် ဖာဂူဆန်သည် နယူးကာဆယ်လ် ယူနိုက်တက်မှ ချိခ်တီယော့တီကိုလည်း ကွင်းလယ် နေရာအတွက် စောင့်ကြည့်နေပြီး ဘယ်တောင်ပံ ခံစစ်အတွက် အဲဗာတန်မှ လေတန်ဘိန်းစ်အား ချိတ်ဆက်နေဆဲဖြစ်သည်။
စပါးအသင်းသည် အသက်(၂၆)နှစ်ရှိ မိုဒရစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၃၂)သန်းမျှ သတ်မှတ်ထားသော်လည်း မန်ယူက ဈေးနှုန်းအတန်ငယ် လျှော့ချပြီး ၀ယ်ယူနိုင်ရန် မျှော်လင့်နေသည်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com